Sunday, June 1, 2014

ဒရ်ဂါသွားကြမှာလား



ကျွန်တော်သိမြင်သလောက်ရေးရမည်ဆိုလျှင်ယနေ့မွတ်စ်လင်မ်အများစုသည်
ဒါရ်ဂါသူတော်စင်များ၏ဂူသင်္ချိုင်းများသို့ သွားရောက်သည့် အလေ့အထကိုတစိုက်မတ်မတ်လုပ်ဆောင်လာကြသည်။ ရန်ကုန်တွင်ပင်ဒါရ်ဂါတော်တော်များများလည်းရှိကြပေသည်။ကျွန်တော် ကိုယ်တိုင်လည်းရောက်ခဲ့ဖူးပါသည်။ကျွန်တော်ငယ်စဉ်ကလေးဘ၀ကဆို
လျှင် ဒါရ်ဂါသွားမည်ဟု လူကြီးတွေပြောလျှင် ဘာမှန်း မသိ အလွန်ပျော်ရွှင်နေခဲ့သူဖြစ်သည်။ ဒါတွေ ကဗိဒ်အသ်တွေလား? ရှရီအသ်အရပိုင်ရောပိုင်ရဲ့လား? ဆိုသည်ကိုဘယ်သောအခါမှမစဉ်းစားဖူးခဲ့ပေ။မွတ်စ်လင်မ်အများစုသည်မိရိုးဖလာထုံးတမ်းစဉ်လာများကို အလွန်အရေးပေးလေ့ရှိကြသည်။ မိမိတို၏လုပ်ရပ်များသည်ရှရီအသ်တရားတော်အရ ဂျာအိဇ်ဖြစ်မဖြစ်ကို လေ့လာသင်ယူသူနည်းပါးလှသည်။ထိုထဲတွင်ကျွန်တော်လည်းတယောက်အပါဝင်ဖြစ်ခဲ့မည်မှာ မလွဲပေ။လူသားသည်မိမိတို့ကျူးလွန်ခဲ့သောဂိုနာဟ်ကိုဖော်ထုတ်လိုခြင်းမရှိပေ။လူသားတဦးဖြစ်သောကျွန်တော်သည်လည်း ကျွန်တော် ကျူးလွန်ခဲ့ဖူးသော ဗိဒ်အသ်တခုကို ဂုဏ်ယူပြီးအရသာရှိရှိရေးသားနေခြင်တော့မဟုတ်ပါ။ကျွန်တော့်ရဲ့ မွတ်စ်လင်မ်ညီနောင်များကို ဟေဒါယသ်တရားလမ်းမှန်ရစေလိုသောအခ်လားစ်ွတခုတည်းဖြင့် ရှက်ရွံ့ စွာရေးသား၇ခြင်းဖြစ်ပေသည်။ ဒီပို့စ်လေးကို အကြောင်းခံပြီး ကျွန်တော်ယခင်က ကျူးလွန်မိခဲ့သော ထိုအပြစ်ကိုအလ္လာဟ်အရှင်မြတ်
ခွင့်လွှတ်တော်မူပါစေ။ အာမီန်း...
တရက်တွင်ကျွန်တော် ဇဗရ်ရှာဟ် ဒရ်ဂါကိုသွားရောက်ခဲ့သည် ။ ခန့်မှန်းခြေအရ ကျွန်တော့် အသက် ဆယ်နှစ်လောက်သာရှိပေဦးမည်။
လူကြီးတွေကမုန့်အချိုများဖြင့် ဖာတွေဟာဖတ်ရန်အလုပ်များနေကြသည်။ကျွန်တော်လဲ ဟိုကြည့် ဒီကြည့်ဖြင့် ဒရ်ဂါထဲတွင်လျှောက်သွားနေလိုက်သည်။တနေရာရောက်. နံရံပေါ်တွင် ချိတ်ဆွဲထားသော ဇဗရ်ရှာဟ်သခင်၏ ဓါတ်ပုံကြီးကြီးတခုကိုတွေ့ရှိလိုက်ရသည်။ထိုအချိန်တွင်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ် သည်ကျွန်တော်၏ သေးငယ်သောဦးနှောက်ထဲသို့ အတွေးတခုထည့်ပေးလိုက်သည်။ ကျွန်တော် စဉ်းစားမိသည်မှာ အခြားမဟုတ်။ ကျွန်တော်တို့ ငယ်စဉ်က မက်သဗ်ကျောင်းမှ သင်ပေးလိုက်သော ဟဒီးစ်တော်တပုဒ်ပင်...
ခွေးနှင့်သက်ရှိသတ္တ၀ါတို့၏ ရုပ်ပုံများရှိသည့်အိမ်များသို့ ရဟ်မသ်၏ဖရရှ်သာများ ၀င်ရောက်ခြင်းမရှိပေ။ (ဗုခါရီကျမ်း-၁၀၊၃၈၀)

ကျွန်တော်သည် မေးခွန်းပေါင်းများစွားကို အိမ်အပြန်လမ်းတွေစဉ်းစားနေခဲ့သည်။
ခိုင်လုံ တိကျသော ဆွဟီးဟ် ဟဒီးအရဆိုလျှင် ထိုနေရာတွင် အဘယ်နည်းနှင့်မျှ ကောင်းကင်တမန်များလာရောက်ခြင်းမရှိနိုင်။ အသို့ဆိုလျှင်ကျွန်တော်တို့ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်မကျရောက်သောထိုနေရာသို့ သွားနေကြပါသနည်း။ ထိုနေရာတွင် သူတော်စင်များ အမှန်တကယ်မြှုပ်နှံ ထားခြင်းဟုတ်မဟုတ် မည်သူက အတိအကျသိရှိသနည်း။ ကျွန်တော်တို့ သွားရောက်ခြင်းကို သေဆုံးပြီးသော သူတော်စင်က အဘယ်ကဲ့သို့သိရှိမည်နည်း။...စသည်...စသည်...ဖြင့်တွေးတောရင်း...

ထိုအချိန်မှစပြီး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်၏ အသိဥာဏ်ကို ဖွင့်ပေးလိုက်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကရုဏာတော်ဖြင့် ကျွန်တော့်ကို ထိုဗိဒ်အသ်လုပ်ရမှ ထိန်းသိမ်းတော်မူခဲ့ပါသည်။ Alhumdulitallah

အလ္လာဟ်အရှင်မြတ်ဟိက်မသ်ပေးသနားတော်မူသလောက်ကျွန်တော်သိရှိသည်များကို အောက်တွင် ဖော်ပြပါအံ့။

အဘယ်မျှဆိုးရွားလှသည်ဆိုသော် များစွာသောမွတ်စ်လင်များသည် ကွယ်လွန်သေဆုံးပြီးသောသူတော်စင်များက မိမိတို့၏ တစုံတရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်းယူဆကြပြီး ထိုသူတော်စင်တို့၏ ကဗရ်များကို ကိုးကွယ်ခြင်းများပြုလုပ်ကြသည်။ ထို့ကဲ့သို့ ပြုခြင်းသည် ကြီးမားပြင်းထန်သောရှရီက်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူသည်မှာ
စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထို့ကဲ့သို့ အမိန့်တော်စီရင်ချမှတ်တော်မူသည်။ အသင်တို့သည်ထိုအ၇ှင်မြတ်မှအပအခြားကို ခ၀ပ်ကိုးကွယ်ခြင်းအလျှင်းမပြုရပေ။ (ကုရ်အာန် ၁၇း၂၃)

ထိုနည်းတူအချို့မွတ်စ်လင်မ်များသည် ကွယ်လွန်ပြီးသောသူများ၊ သူတော်စင်များနှင့် အခြားသူများအားကြားဝင်အသနားခံရှဖွာအသ်ပြုပေးရန်
ဟစ်ခေါ်တသကြသည်။ကဗရ်များကို သွဝါးဖ်လှည့်ပတ်ကြသည်။ ကဗရ်၏ထောင့်နေရာများကို ထိကိုင်ပွတ်သပ်နမ်းရှုပ်ကြသည်။ကဗရ်၏မြေမှုန့်များကို မျက်နှာပေါ်တွင်ပွတ်သပ်ကြသည်။ကဗရ်ရှေ့တွင်ခယရိုကျိုးစွာရပ်ပြီး စဂ်ျဒါဦးချသည်အထိပြုလုပ်လာကြသည်။ လိုအင်ဆန္ဒများတောင်းခံပန်ကြားကြသည်။ ဒါရ်ဂါရှိသစ်ပင်များတွင် ပုခက်များချီပြီး သားသမီးရရန် ဆုပန်လာကြသည်။ ဒါရ်ဂါရှိဆရာများက ဒေါင်မွေးဖြင့်ခေါင်းကို ပုတ်ခါနဇရ်ထုတ်ခြင်းများကို ပြုလုပ်လာကြသည်။ အချို့သောသူတို့သည်သူတော်စင်တို့ ၏ကဗရ်များတွင် ဆံပင်ရိတ်ကြသည်။အချို့ကား ဒရ်ဂါတွင်ရွတ်ဖတ်ရန်ကျင့်စဉ်များစာအုပ်ကို ကိုင်ဆောင်ကျင့်ကြံလာကြသည်။ ၀လီသူတော်စင်များက ကောင်းကျိုးဆိုးကျိုးဖန်တီနိုင်သောသူများပင်ဖြစ်သည်ဟု ယုံကြည်လာကြသည်။ (အန်နာလိလ်လာ)
ထိုကိ စ္စရပ်များအားလုံသည် ပြင်းထန်သော ရှရီက် နှင့် ကြီးမားသော ဗိဒ်အသ်များဖြစ်ကြပေသည်။

အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပြင်အခြားသူများကို ဟစ်ခေါ်သတသူထက်ပိုပြီးလမ်းမှားသောသူမည်သူ၇ှိအံ့ နည်း။ ၄င်းတို့သည်ထိုသူ၏စကားကို ကေယာမသ်ရှင်ပြန်ထမည့်နေ့တိုင်အောင်
ဖြေကြားကြမည်မဟုတ်သည်သာမက ၄င်းတို့မှာ ထိုသူတို့၏ဟစ်ခေါ်ခြင်းကိုသိကြရှာသူများမဟုတ်ပြီ။ (ကုရ်အာန် ၄၆း၅)

တမန်တော်မြတ်(စွ) ကအမိန့်ရှိခဲ့သည်။
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပအခြားအရာများအားဟစ်ခေါ်တသခြင်းမှု (ရှရီးက်လုပ်ရပ်တွင်နစ်မွန်းပြီး)သေဆုံးခဲ့လေသော် ထိုသူသည် ဂျဟန္နမ်ငရဲသို့လားရမည်ဟုမိန့်ကြားတောမူခဲ့သည်။(ဗုခါရီကျမ်း)

ကုရ်အာန်ကျမ်းမြတ်တနေရာတွင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ
စင်စစ်သော်ကား အကယ်ရွေ့ သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်တွင် အန္တရာယ်တစုံတခုသက်ရောက်စေတော်မူပါလျှင်ထိုအရှင်မြတ်မှတပါးထို အန္တရာယ်ကိုကင်းဝေးစေနိုင်သောသူတဦးတယောက်မျှရှိမည်မဟုတ်ပေ။ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင့်အပေါ်တွင် တစုံတရာသောအကျိုးဖြစ်ထွန်းစေရန် ရည်စူးတော်မူပါလျှင်ထိုအရှင်မြတ်၏ကျေးဇူးတော်ကိုတွန်းလှန်ဖယ်ရှားနိုင်သူလည်းတဦးတယောက်မျှမရှိပေ။(ကုရ်အာန်၁၀း၁၀၇)

ထိုကဲ့သို့ ကုရ်အာန်ဟဒီးစ်၏များစွားသောနေရာများတွင်သတိပေးတားမြစ်ချက်များလာရှိထားပါလျှက် ဒရ်ဂါများသို့သွားနေခြင်းမှာ ကျွန်တော်တို့၏မလေ့လာမှုမိုက်မဲမှုများသာဖြစ်ပေသည်။ခိုင်လုံတိကျသော အထောက်အထားတစုံတရာ ရှရီအသ်တွင်မရှိပါဘဲလျှက် ဗိဒ်အသ်ကို အေဗာဒသ်ဟုအဘယ်ကြောင့်မှတ်ယူနေကြပါသနည်း။
အို-အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ် ..ကျွန်တော်မျိုးနှင့်တကွ မွတ်စ်လင်မ်များအားလုံးကို ထို့ကဲ့သို့ကြောင်မက်ဖွယ်ကောင်းသောဗိဒ်အသ်များမှ ထိန်းသိမ်းစောင့်ရှောက်တော်မူပါ...ဟု
ဒိုအာပြုရင်း..........

ကောင်စရ် ဘာဒ်ရှာဟ်




1 comment:

Anonymous said...

ခင်များ အိမ်မှာကိုယ်ပုံတွေ ဆွေမျိုးသာချင်းပုံတွေ
တစ်ပုံမှမရှိ ဘူးလား

Post a Comment