Sunday, June 1, 2014

တမန်တော်မြတ်(စွ) ၏ဂျနာဇာ





ဟဇရ သ် အာအေရှာ ( ရသွေ့) သခင်မကဆင့် ပြန်ခဲ့သည်။ တမန် တော် မြတ် (စွ ) ဝဖား သ် ဖြစ် ပြီး ရေချိုး ပေး ရန် ဆွ ဟာဗာများစဉ်းစားကြသည်။အခြားကွ ယ်လွန် သူများအား ရေချိုး ပေးရ သကဲ့သို့ အဝတ်ကို ချွတ်၍ေ ရချိုး ပေး ရန် သင့်မသင့်စသည် ဖြင့် အကွဲအလွဲ များ ဖြစ် ပေါ်လာရာ အလ္လာဟ်အရှင် မြတ်ဘက် တော်မှ ၄င်းတို့အားအိပ် မောကျစေခဲ့သည်။ တစ်ဖန် အိမ် ထောင့်တစ် ထောင့်ဘက်မှ လက် ရှိအဝတ် ဖြင့် သာရေချိုး ပေး ရန်အသံ ပြုသည်ကို ကြားလိုက် ရ၏။ ထို ကြောင့် ၄င်းအဝတ် ဖြင့် သာအပေါ်မှ ရေချိုး ပေးကြပြီး ထိုအဝတ်များကိုေ ရညှစ်လိုက်ကာထု တ် ယူဖယ် ရှားလိုက်၏။ ထို့နောက် တမန် တော် မြတ် (စွ ) အားပိတ်စသုံးစဖြင့်ကဖန်ဝတ် ပေးလိုက် သည်။ ဂျနာဇာ နမာဇ် အားဂျအသ်အစုအဝေး ဖြင့် မဖတ်ခဲ့ပါ။ တမန် တော် မြတ် (စွ ) နောက်ဆုံးအချိန်၌မှာခဲ့သည်မှာ "ငါ့အား ရေချိုး၍ကဖန်ဝတ် ပေးပြီး နောက် ကဗရ်အနားမှာချထားလိုက် ပြီး အသင်တို့ အနီးဝန်းကျင်မှ ဖယ် ပေးလိုက်ကြပါ။ ဂျနာဇာနမာဇ်ကို ပထမဦးဆုံး မလာအေကဟ် ကောင်းကင်တမန်များ ဖတ်ကြပေလိမ့်မည်။ ပြီးလျှင်ငါ၏ အိမ် တော် သားများဖတ်ကြမည်။ ထို့နောက်အိမ် တော် သူများဖတ်ကြပါစေ။ ပြီးမှအသင်တို့ တဦးစီ လာေ ရာက်ဖတ်ကြ" ဟုမိန့်မှာတော်မူခဲ့သည်။ (နရှ် ရု သ်တွီးဗ်ကျမ်း စာ၂၀ ၃/ ၂၀ ၅)

ကောင်စရ် ဘာဒ်ရှာဟ်

No comments:

Post a Comment