Sunday, June 1, 2014

သူ့ ကြောင့်---သူ့ကြောင့်





ကျွန်တော် တို့သည် ဒွန္နယာလောကတွင်များးမြောင်လှစွာသော
ကိစ္စရပ်များနှင့်ရင်ဆိုင်ကြုံတွေ့နေရပေသည်။ မြန်မာ အဆိုတခု ရှိသည် ။ အသက်တစ်ရာ
မနေရ အမှုတစ်ရာ ကြုံရ ဟူ၍့ဖြစ်သည်။ ကျွန်တော် တို့
အကြောင်းအရာတခုခုနှင့်ကြုံတွေ့ရတိုင်း
စိတ် အခန့်မသင့်ဖြစ်ရတိုင်း ပြသနာ တခုရင်ဆိုင်ရတိုင်း
သူ့ကြောင့်ဆိုတဲ့ ပေတံဖြင့်တိုင်းတာလေ့ရှိကြသည်။
ဒါက သူ့ကြောင့်ဖြစ်တာ
သူလုပ်လို့
သူကတော့ ဒီလို မလုပ်သင့်ပါဘူးကွာ
သူဒီလိုတော့မပြောသင့်ဘူး
သူ့ကြောင့် ... သူ့ကြောင့်...
စသည်ဖြင့် တွေးတော ပြောဆိုကြသည်။
သေချာ စဉ်စားအပ်သည်မှာ တကယ် ဘဲ သူ့ကြောင့်လား? ငါ့ကြောင့် ဆိုတာ ရော
မဖြစ်နိုင်ဘူးလား?
သူများအပြစ်ကို လိုက်လံ ရှာဖွေပြောဆိုနေမည့် အစား မိမိ အပြစ်ကို မိမိ ဘာသာ
ဆင်ခြင် သုံးသပ်အပ်ပေသည်။ ငါဘာတွေ မှားနေလဲ ? ငါဘာလုပ်သင့်လဲ? သာသနာ ကဘာကို
ပြဋ္ဌာန်း ထားသလဲ ?
မုချဧကန် ကျွန်တော် ပြောရဲသည် ။ ကျွန်တော်တို့သည် မိမိအပြစ်ကို မိမိ စူးစမ်း
လေ့လာပါက သူတပါးအားအပြစ်တင်ရန်ဝေးစွ။ သူတပါး အပြစ်ရှာဖို့ အချိန် တောင်ရမည်
မထင်ပေ။
ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိပေသည်။
မိမိ အတွင်း စိတ်အားသန့်ရှင်းအောင်ပြုသူသည် ဧကန်အောင်မြင်အံ့။
ကျွန်တော် တို့သည် နှလုံးသား နှင့်ပတ်သက်၍အမြဲ ဆန်းစစ်နေရပေမည်။

တဦးတယောက်က မိမိနှင့် ပတ်သက်၍နောက်ကွယ် တွင် မကောင်းကြောင်းပြောသည်ကို
ကြားလျှင် ဒေါသမဖြစ်နှင့်။ ငါ့ကို ပြောရကောင်းလားဟု အံ့သြခြင်းလည်း
မဖြစ်နှင့်။ဒီလိုတော့ မပြောသင့်ဘူး ကျေးဇူးကိုတောင် မထောက်ဘူးဟုလည်း
မထင်နှင့်။ အကယ် ၍တရားသဖြင့်ကြည့်လျှင် သင်လည်းရှေ့နောက်
ညီညွတ်အောင်နေနိုင်မည်မဟုတ်။ ရှေ့တွင် တမျိုးနောက်တွင် တမျိုးလည်းဖြစ်နိုင်၏။

ဤသည် ဟကီမွလ်အွမ်မသ် ဟဇရသ် မော်လာနာအရှ်ရဖ် အလီ ထာနဝီ သခင်ကြီး ၏
ဆုံးမစကားဖြစ်သည်။
အဘယ်မျှ မှန်ကန်လေစွ။
ကျွန်တော် တို့ သည် မိမိကိုယ် ကို သူတော်ကောင်းဟုမှတ်ယူက သူတပါးအား အပြစ်တင်
ကြသည့်နေရာတွင်စံပြဖြစ်နေသည်။

ဤသည် အတွင်းပိုင်းဆိုင်ရာ ရောဂါတစ်ရပ်ဖြစ်သည်။ကျွန်တော် တို့သည် မိမိ
နဖ်စ်စိတ်ရိုင်းကို အလို မလိုက်ဘဲ အမြဲ ပြုပြင်နေသင့်ပေသည်။

အဗူဒါဝူးဒ်ကျမ်းတွင် ဟဒီးစ်တော်တရပ်လာရှိပေသည်။
နောက်ကွယ်တွင် အတင်းပြောကာသူတပါး အပြစ်ကို မဖော်ထုတ်ကြနှင့်။
အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ အပြစ်အနာအဆာကို စူးစမ်းကြလျှင် အရှင်မြတ်သည်
အသင်တို့၏ အပြစ်အနာအဆာကိုဖော်ထုတ်တော်မူမည်။အရှင်မြတ်ကိုယ်တော်တိုင်စူးစမ်းမည်ဆိုသော်
အသင်တို့ အိမ်ထဲ၌ခိုအောင်းလျှို့ဝှက်နေသော်လည်း သိက္ခာချတော် မူအံ့။
Allah hu akbir. ကျွန်တော် ထပ်ရေးစရာ မရှိတော့ပြီ။

မည်သူကတော့ ဤသို့ဖြစ်မည် ဟုတွေးတောခြင်းကို မကောင်းသောထင်မြင်ချက်ဟုခေါ်သည်။
နှလုံးသား၏ ရောဂါဆိုးဖြစ်သည်။ ထိုသူ၏စိတ်ထားအမှန်ကို
အရှင်မြတ်သာလျှင်သိမြင်တော်မူသည်။ တဦးဦးနှင့်စပ်လျဉ်း၍မကောင်းသော အယုံအကြည်
ထားခွင့် မရှိ။ စင်စစ်ဤသည် ရှိုင်သွာန်၏ နှိုးဆော်မှုဖြစ်သည်။

ကိုယ့် ကိုကိုယ် အထင်ကြီးမှု မိမိကိုယ် ကိုကောင်းမြတ်သည်ဟုယူဆနေခြင်း ကြောင့်
မိမိ၏ မကောင်းခြင်း များကို ဘယ်သောအခါမှ မြင်နိုင်မည်မဟုတ်။
ကျွန်ုပ်တွင်ကောင်းမြတ်မှုများသည် အလ္လာဟ်အရှင်မြတ် ချီမြှင့်သော
နိမသ်စည်းစိမ်များဖြစ်သည်။ကျွန်ုပ်တွင်မည်သည့်ပြည့်စုံမှုမျှမရှိချေ။
ဤသို့စဉ်းစား၍အလ္လာဟ်အရှင်မြတ်အားကျေးဇူးတင်ပါ။

ကျွန်တော့်ကိုလည်း ရေးရုံသက်သက်မဟုတ်ဘဲ စာဖတ်သူကိုလည်း ဖတ်ရုံသက်သက် မဟုတ်ဘဲ
လိုက်နာဆောင်ရွက်နိုင်တဲ့သောင်ဖီးက်စွမ်းအား အလ္လာဟ်အရှင်ချီးမြင့်တော်
မူပါစေ။    ။ အာမီးန်

ကောင်စရ် ဘာဒ်ရှာဟ်

No comments:

Post a Comment