بسم الله الرحمن الرحيم
တနေ့ ကျွန်တော် ဆိုင်မှာ ထိုင်ပြီး သတင်းစာဖတ်နေစဉ် ဈေးဝယ်နှစ်ယောက်ရောက်လာခဲ့သည်။
ထုံးဆံ အတိုင်း "ဘာအလို၇ှိပါသလဲ " ကျွန်တော်မေးလိုက်သည်။
Customer
မှာ အသက် ၄၀ကျော် လူကြီးပိုင်း အမျိုးသားတယောက်နှင့် လူလတ်ပိုင်းကောင်လေးတယောက် လာခြင်းဖြစ်သည်။ သံပြားဖြတ်ဆိုဒ်လို
ချင်ကြောင်းပြောသဖြင့် ကျွန်တော် ငွေ amount
ကို ဈေးတွက်ပေးလိုက်သည်။
သံပြားဖြတ်ရမည်ဖြစ် သောကြောင့် ကျွန်တော် သူ့ကို ခဏထိုင်စောင့်ရန်ပြောလိုက်သည်။သူတို့ နှစ်ယောက်ထိုင်စောင့်နေကြသည်။ ထို့နောက်ကျွန်တော် ဘာဘားကို ဖုန်းဆက်ပြီး သံပြားဖြတ်ရန်
ဆိုဒ်ပြောလိုက်သည်။ ထို့နောက်ကျွန်တော် လဲ counter မှာထိုင်ပြီး ဖတ်လက်စ သတင်းစာကို ကောက်ဖတ်နေလိုက်သည်။
ခဏအကြာတွင် ထိုလူကြီးက
ဘေးကကောင်လေးကို ပြောလိုက်သော စကားတခွန်း ကျွန်တော် အမှတ်မထင်ကြားလိုက်ရသည်။
လူကြီး.... ငါတို့မြန်မာနိုင်ငံက တော်တော်
တိုးတက်ဖို့လိုနေတာဘဲကွာ..
ကောင်လေး ...ဘာဖြစ်လို့လဲ?
လူကြီး...သစ်ခွပန်းက အပင်ကြီးတွေ စီမှာကပ်ပေါက်တယ်ဆိုတာ မင်းသိလား...
ကောင်လေးကပြန်ဖြေပြန်သည်..
သိတယ်လေ ..အဲ့ဒါဘာဖြစ်လို့လဲ
အေးကွ...သစ်ခွပန်းက အပင်ကြီးတွေဆီက အဆီအနှစ်တွေကို စုပ်ယူသလိုဘဲ...ကုလားတွေက ငါတို့မြန်မာတွေဆီက
အဆီအနှစ်တွေ စုပ်ယူပြီးအောင်မြင်နေတာလေကွာ...ဟိုမှာကြည့်ပါလား..သူတို့
ကုလားဆိုင်မှာ အလုပ်သမားတွေ က ငါတို့ ဗမာတွေကြီးဘဲလေ... တဲ့..
သူကသူ ပြောပြီး မလုံသလိုနဲ့ သူကျွန်တော် မျက်နှာကို တချက်အကဲခတ်ကြည့်သည်။
ဒီစကားကြားတော့ ကျွန်တော် အလွန်ဒေါသဖြစ်သွားသည်။ သေချာတာတခုကတော့
သူကျွန်တော့်ကို တမင် ရန်စကားစလိုက်ခြင်းဖြစ်သည်။ အစ်စလာမ်နှင့် မွတ်စ်လင်မ်ကို စော်ကားလျှင်
အထိမခံသော ကျွန်တော့် အကျင့် အလျောက်သာဆိုလျှင် သူနဲ့ ပြသနာတက် မည်မှာမလွဲပေ။ သို့သော်
ထိုအချိန်တွင် ကျွန်တော့်ကို အရာနှစ်ခု ကအဟန့်အတားအဖြစ် ကာဆီးနေသည်။ တခုမှာ ကျွန်တော်
ဝတ်ထားတဲ့ ဟေဂျာဗ်ဖြစ်သည်။ နောက်တခုမှ ဆိုင်မှာ ကျွန်တော် တယောက်တည်းရှိနေခြင်းဖြစ်သည်။
ဟေဂျာဗ်ရဲ့ အေဇသ်ကို ထိန်းရမည် ဟူသော စိတ်ကြောင့် ကျွန်တော် ဆွဗရ် လုပ်နေလိုက်ရသည်။
သို့သော် ကျွန်တော် ပြန်မပြောရသည့် အတွက် စိတ်ထဲတွင် နေမသိထိုင်မသာ ဖြစ်နေရသည်။ ကျွန်တော်
အလာဟ် အရှင်မြတ်ထံတော်တွင် ဒိုအာပြုလုပ်လိုက်သည်။
ယာအလာဟ်- ကျွန်တော်မျိုးကို ထိုသူ့အပေါ်တွင် အောင်မြင်မှုပေးသနာတော်မူပါ၊
ထိုသူ့ဆီကိုလဲ ပစ္စည်း
မရောင်းချင်ပါ၊ သူ့ဆီက ပိုက်ဆံကိုလဲ
အရောင်းအ၀ယ်သဘောအရပင်ဖြစ်စေ ကျွန်တော် မလိုချင်ပါ။ ဆိုပြီး စိတ်ထဲက ရေရွတ်နေမိသည်။
ခဏအကြာ ထိုလူ ကျွန်တော့်ကို စကားစလာပြန်သည်။
သံချောင်းတွေက density
ဘယ်လောက်ရှိလဲ volume
ဘယ်လိုလဲ product
ကဘယ်လို စသဖြင့် English
လိုတွေပြောပြီး မေးလာသည်။ သူဝယ်သည့် ပစ္စည်း
နှင့် မေးသည့်မေးခွန်းမှာ တခြားစီပင်ဖြစ်သည်။ ကျွန်တော် ချက်ချင်းပင်သိလိုက်ပါသည်။
သူ ပညာလာစမ်းနေခြင်းပင်။
ကျွန်တော်လဲ သူမေးသမျှကို English လို အတိအကျအဖြေပေးလိုက်သည်။
အဲ့တော့မှ သူမနေနိုင်ဘဲ ကျွန်တော့်ကို မေးတော့သည်။
သမီးကကျောင်းတက်လားတဲ့…
ကျွန်တော်လဲ ဖြေလိုက်ပါတယ်…2 year English Major တက်နေပါတယ်..လို့
ပေါ့…
သူအံ့သြတဲ့ ပုံစံနဲ့ ထပ်ပြောပါသေးတယ်…
သမီးတို့ မွတ်စ်လင်မ်တွေက များသောအားဖြင့် ခေတ်ပညာမတတ်ဘူးလေ..ပြီးတော့
သမီးက ပုဝါနဲ့ဆိုတော့ အန်ကယ်က ကျောင်းမနေဘူးထင်လို့ တဲ့..
ကျွန်တော်ပြောလိုက်ပါသေးသည်…အန်ကယ်သေချာမသိဘဲ မွတ်စ်လင်တွေကို ဝေဖန်ရင်မှားသွားမှာပေါ့..လို့…
ထိုစဉ် ဖုန်းဝင်လာသည်။ ဘာဘားကဖုန်းတယ်မှာပြောတယ်…သံပြားကဖြတ်နေရင်းနဲ့
ဂက်စ်ကုန်သွားလို့…မရနိုင်ဘူးလို့
ဈေးဝယ်ကိုပြောလိုက်ပါတဲ့..ကျွန်တော် ချက်ချင်း
အလ်ဟမ်ဒုလိလ်လာ ရွတ်ဖတ်လိုက်သည်…
ဘာဘားကလှမ်းမေးသည်…ဘေတီးဘာဖြစ်တာလဲတဲ့…ဘာမှမဖြစ်ပါဘူးလို့ပြောပြီးကျွန်တော်
ဖုန်းချလိုက်သည်။
ကျွန်တော်လဲ ထိုလူကို ..အန်ကယ်ေ၇ ဂက်စ်ကုန်သွားလို့ မရနိုင်ဘူးလို့
ပြောလိုက်တယ်…
သူကမပြန်ခင်ပြောသွားပါသေးတယ်…
သမီးဆီမှာ အန်ကယ် သိချင်တာလေးတွေ လာသင်ချင်ပါတယ်တဲ့…
ကျွန်တော်လဲ အမြဲတမ်း welcome ပါလို့ ပြောလိုက်တယ်…
ကျွန်တော် ရဲ့ ဒိုအာကိုအလ္လာဟ်အရှင်မြတ်ချက်ချင်း ကဗူလ်လုပ်လိုက်သည်မှာ
ကြက်သီးထစရာပင်ဖြစ်သည်။
ကျွန်တော် ထို မွတ်စ်လင်မိန်းကလေးများကို အထင်သေးသောသူအပေါ်မှာအနိုင်ရလိုက်ပါတယ်။
ပထမဦးဆုံး အလ္လာဟ်အရှင်မြတ် ကို ရှုကွလ်ပြုမိပါတယ်...
နောက်တော့ ကျွန်တော့်ကို ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံက ဘွဲ့
တခုတော့ရထားသင့်တယ်လို့ ပြောလေ့ရှိတဲ့ ကျွန်တော့် မိဘနှစ်ပါးကို ကျေးဇူးတင်နေမိပါတယ်..
အမှန်တော့ အလ္လာဟ်အရှင်မြတ် ၏ချီးမြောက်မှုသက်သက်သာဖြစ်သည်။
ကျွန်တော်သည် ခေတ်ပညာကို စိတ်ဝင်စားသည်လဲ မဟုတ်တော့ အတိုင်းအတာတခုထိသာ
ကြိုးစားခဲ့သည်။
သို့သော် ထိုနေ့ တနေ့တည်းဖြင့်သာ ကျွန်တော် ခေတ်ပညာသင်ခဲ့ရကျိုးနပ်ပေတော့သည်.
အနည်းဆုံးတော့ ထိုလူမွတ်စ်လင်မ်မိန်းကလေးများ တွေ့လျှင် အထင်သေးရဲမည်မဟုတ်ပေ။
ကာဖိရ်ရဲ့ အတွေးပင်ဖြစ်သည်။
စင်စစ်မှာမူ မွတ်စ်လင်မ်တိုင်း အိလ်မ် ပညာသင်ဖို့ ဖရဇ်တာဝန်ဖြစ်သည်။
ခေတ်ပညာလဲ အထိုက်အလျောက်လိုအပ်လှသည် ကို ကျွန်တော်သိခဲ့ရသည်။
သို့သော် အရေးကြီးဆုံးမှာ ခေတ်ပညာတတ်ဦးနှောက်ဖြင့် ရှရီအသ်ကို
မသုံးသပ်မိစေဖို့ပါဘဲ..
ပညာရပ်တရပ်သည် ယနေ့တွင်သင့်အား မကောင်းမှုများမှ တားဆီခြင်းမပြုလျှင်
အမလ်အေဗာဒသ်ဘက်သို့ မပို့ဆောင်နိုင်လျှင် ထိုပညာသည် ကေယာမသ်နေ့တွင်လည်း ငရဲမီးဘေးမှ
ကယ်တင်နိုင်မည်မဟုတ်ပေ ။ (အီမာမ် ဂဇာလီ)
ထိုအချက်ကို မှောင်ပိန်းနေသော နှလုံးသားပိုင်ရှင် ကာဖိရ်များနားလည်နိုင်မည်မဟုတ်ပေ။
ကျွန်တော် အလွန်နှစ်သက်တဲ့ ဟဇရသ်အိုမရ် ရဲ့ အဆိုအမိန့် လေးနဲ့
ပို့စ် ကိုအဆုံးသတ်ချင်ပါတယ်...
အလ္လာဟ်အရှင်မြတ် သည် ကျွန်ုပ်တို့ အားအစ်စလာမ်သာသနာဝင်ဖြစ်စေခြင်းဖြင့်
ဂုဏ်သိက်ခါချီးမြှင့်ပြီးဖြစ်သည်။ ထို့ကြောင့် ဂုဏ်သိက်ခါ ကိုမည်သည့်နေရာတွင်မှ ရှာရန်မလိုအပ်တော့ပါ။
ကျွန်တော်ဒီတခါပို့စ်မှာ ကျွန်တော့် ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ကို
မရေးထားပါဘူး....
စာဖတ်သူရဲ့ သုံးသပ်ချက် ခံစားချက်ကို လွတ်လပ်စွာ ရေးနိုင်ပါတယ်...
ကောင်စရ် ဘာဒ်ရှာဟ်
၂၄-၁၁-၂၀၁၂
No comments:
Post a Comment