ယခုအခါတွင်မြောက်များစွားသောသာသနာ့စာပေစာအုပ်များထွက်ရှိလာပေသည်။ ယခင်ကဆိုလျှင်မြန်မာဘာသာဖြင့်ရေးသားပြန်ဆိုသော သာသနာ့စာပေများမှာ
အလွန်ရှားပါးခဲ့သည်။Alhumdulitallah ယနေ့တွင်
ဆရာသခင်ကြီးများ၏ကျေးဇူးကြောင့်စာအုပ်တော်တော်များများကို ကျွန်တော်တို့ မြန်မာဘာသာဖြင့်ဖတ်ရှုခွင့်ရနေပါသည်။သို့သော် အဲ့ဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏အကီဒဟ်နှင့်ဆန့်ကျင်ကွဲလွဲနေသော စာအုပ်များလည်းထွက်ရှိလာခဲ့ပေသည်။ ထို့အတွက်ကြောင့်ကျွန်တော်တို့သည်သာသနာ့စာပေများဖတ်ရှုလေ့လာရာတွင်အလွန်ပင်သတိကြီးစွားထားပြီးလေ့လာရန်အရေးကြီးပေးသည်။လိုင်းကြောင်လမ်းလွဲနေသူတို့၏စာပေများကို အဘယ်ကြောင့်မဖတ်သင့်ပါသနည်း။ ကျွန်တော်ထိုအကြောင်းအနည်းငယ်တင်ပြလိုပါသည်။ အကီဒဟ်လွဲမှားသောစာအုပ်များ ဖတ်မိပါက
စာဖတ်သူသည်တတ်သိနားလည်သောအာလင်မ်ဖြစ်ပါကအကြောင်းမဟုတ်ပေ။ထိုသို့မဟုတ်ပါကကျွန်တော်တို့ကိုယ်တိုင် ပင်ဇဝေဇ၀ါဖြစ်လာနိုင်သည်။ ထိုဇဝေဇ၀ါဖြစ်မှုအားနှလုံးသားတွင်းမှဖယ်ရှားပစ်ရန် မိမိတွင်
ပညာအရည်အချင်းလုံလောက်စွာမရှိလျှင်မုချဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။
ဥပမာဆို၇သော်
ဟနဖီမတ်စ်အလဟ်အရထင်ရှားသည်မှာ ဂျူမုအဟ်နေ့ရေချိုးခြင်းသည်စွန္နသ်ဖြစ်သည်။ဝါဂျီဗ်မဟုတ်ပေ။ (သိရ်မီဇီကျမ်း၊အိဗ်နေမာဂျာကျမ်း)
သို့သော် စလဖီတို့၏ကျမ်းများတွင် ဂျူမုအဟ်နေ့ရေချိုးခြင်းသည်ဝါဂျီဗ်ဖြစ်သည်။
ကျွန်တော်တို့ကဲ့သို့သာမန်မွတ်စ်လင်မ်တယောက်အနေနှင့် စစ်မှန်သော
မဆာအီလ် ကိုမသိဘဲ ထိုသို့သောစာအုပ်များဖတ်မိပါက အကီဒဟ်လွဲမှားနိုင်ဖွယ်ရာဖြစ်သည်။
အိလ်မ်သာသနာ့ပညာဆည်းပူးခြင်းသည်
မွတ်စ်လင်မ်တိုင်းအပေါ်ဖရဇ်မသင်မနေရတာဝန်ဖြစ်သည်။
ထို့ကြောင့်သာသနာ့စာပေများကိုကျွန်တော်တို့မုချလေ့လာရပေမည်။ကျွန်တော် အကြံပြုလိုသည်မှာ
မိမိဖတ်သည့်သာသနာ့စာပေများကို
စစ်မှန်သောအာလင်မ်ပညာရှင်ထံတင်ပြကာ ဖတ်ရန်သင့်
မသင့်အကြံဥာဏ်တောင်းခံသင့်သည်။ထိုသို့ပြုလုပ်ရန်အခက်အခဲရှိပါ ကျွန်တော့်ဦးလေးဖြစ်သော အလ်ဟဂ်ျမော်လာနာ ဟာဖီဇ် မုဟမ္မဒ်
အဘားစ် (ဆွာဒီကီ၊ဟီဒါအီ)
(အလ္လာဟ်အရှင်မြတ်
ကောင်းသောအစားပေးတော်မူပါစေ)
၏ ကျွန်တော့်အားနဆွီယသ်လုပ်သောအကြောင်းအရာကို တင်ပြပါမည်။
သာသနာ့နှင့်ပတ်သက်သော စာအုပ်တအုပ်လေ့လာမည်ဆိုလျှင်
၁.မူရင်းရေးသားသူဘယ်သူလဲ
၂.ဘာသာပြန်ဆိုသူဘယ်သူလဲ
၃.ထိုဘာသာပြန်ဆိုခြင်း(သို့)ရေးသားခြင်းကို
မည်သည့်အာလင်မ်ပညာရှင်များ၏ထောက်ခံချက်ပါရှိပါသလဲ
၎.ထိုသူတို့၏အကီဒဟ်များမှာ အဲ့ဟ်လေစွန္နသ်နှင့်ကိုက်ညီမှုရှိမရှိ
စသည့်အချက်များကို ဦးစွာလေ့လာပြီးမှဖတ်သင့်ပေသည်။
ကျွန်တော်ငယ်ငယ်ကစာအုပ်တအုပ်ဖတ်ဖူးပါသည်။အမည်မှာ (အစ္စလာမ့်ဘာသာရေးသင်ခန်းစာ)ဖြစ်သည်။ရေးသားသူမှာ ဟာဂျီမ
ဒေါ်..........(ကျွန်တော်အမည်မပြောလိုပါ) ဖြစ်သည်။ ထိုစာအုပ်တွင်မည်သည့်အာလင်မ်တဦးတယောက်၏ထောက်ခံချက်မျှမပါရှိပါ။အမှားမြောက်များစွာလည်းရှိနေပေသည်။ထိုသို့သောစာအုပ်များကိုဖတ်ပြီးအမလ်လုပ်မည်ဆိုပါက ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပင်ဖြစ်ပေလိမ့်မည်။ယနေ့အချိန်အထိထိုစာအုပ်မှအပ အဘယ်သာသနာ့စာပေကိုမျှ
အမျိုးသမီးရေးသားခဲ့ခြင်းမရှိ။
အလ္လာဟ်အ၇ှင်မြတ်သည်
အမျိုးသားများကို အမျိုးသမီးများထက်
ဥာဏ်ရည်ရော အင်အားပါနှစ်ဆချီးမြှင့်ထားသည်။အမျိုးသမီးများ၏စိတ်နေစိတ်ထားအ၇မိမိအနည်းငယ်တတ်သိသောအိလ်မ်အပေါ် ဂမမ်(မာန) ရှိတတ်ကြသည်။ကျွန်တော်အပါအ၀င်အမျိုးသမီးများကိုချိုးနှိမ်ခြင်းမဟုတ်ပါ။အမှန်ကိုတင်ပြနေခြင်းဖြစ်သည်။အမျိုးသမီးအာလေမဟ်တယောက်၏ပညာအရည်အချင်းတောင်မှ
အမျိုးသားအာလင်မ်ယောက်နှင့်ယှဉ်လို့မရပါ။ စာဖတ်သူဇဝေဇ၀ါဖြစ်နေပေလိမ့်မည်။ အိလမ်သင်တာခြင်းအတူတူ အဘယ်ကြောင့်ကွာခြားရပါသနည်းဟုထင်ကောင်းထင်နေလိမ့်မည်။ ဟုတ်ပါသည်
လုံးဝကိုမတူနိုင်ပါ။
အာလေမဟ်သင်ရိုးညွှန်းတမ်းတွင်
အမျိုးသားမော်လ၀ီကျောင်းကဲ့သို့
စာအုပ်အကုန်မသင်ရပေ။လိုအပ်သလောက် ဆရာကြီးများ၏ပြဌာန်းချက်အရသာသင်ယူရပါသည်။ ဟဒီးစ်၏ခက်ခဲနက်နဲမှုကို သင်ယူရန်မှာ လွယ်ကူသည့် အရာတော့မဟုတ်ပေ။မိမိနှလုံးသားရော ခန္ဒာကိုယ်ပါ အပြစ်များမှာရှောင်ကြဉ်နိုင်ပါမှ ဟဒီးစ်၏နူရ်သည်နှလုံးသာတွင်ကိန်းဝပ်လာပေမည်။ ထို့ကြောင့်သာသနာ့စာပေများကို စစ်မှန်သောဆရာသခင်ကြီးများက အွမ္မဒ်အတွက်ရေးသားခဲ့ခြင်းဖြစ်သည်။
သာမန် အာဝါန်လူသားတယောက်အနေနှင့်ဘာသာရေးပို့စ်ရေးသားရာတွင် အလွန်သတိပြုရမည့်အချက်များရှိနေပေသည်။ ခိုလဖာရေရာရှီဒီးန် ဆွဟာဗာများ၏ခေတ်ကာလတွင်
ဒလီလ်အထောက်အထားပေးခြင်းမှာ
အလွန်အရေးမကြီးလှပေ။
အဘယ်ကြောင့်ဆိုသော် ထိုခေတ်အခြေအနေတွင်ဟဒီးစ်ဆင့်ပြန်သည့်စနဒ်မှာ နှစ်ဆက်သုံးဆက်ဖြင့်သာတမန်တော်မြတ်(စွ)ထံသို့ရောက်ရှိသောကြောင့်ဖြစ်သည်။ထိုခေတ်သည်အကောင်းဆုံးခေတ်ကာလာဖြစ်သည်။ယခုအခြေအနေတွင် အမျိုးမျိုးသောအကီဒဟ်လွဲမှားသူတို့၏ စာအုပ်စာပေများကြောင့် ကျွန်တော်တို့ဘာသာရေးစာပေရေးသားရာတွင်ခိုင်လုံသော ဒလီလ်အထောက်အထားဖြင့်ရေးသားရန်လိုအပ်လှပါသည်။ မိမိရေးသားသောအကြောင်းအရာတခုအတွက် ခိုင်လုံသောကုရ်အာန် ၊ဟဒီးစ် ၊ရေးသားသူ၊ ကျမ်းအကိုးအကား၊ ကျမ်းအညွှန်း။ ပေး၇န်မှာ ရှက်စရာအလျဉ်းမဟုတ်ပေ။ ထိုသို့ပြုခြင်းသည်သာအွမ္မဒ်ကို အမှန်တကယ်အကျိုးပြုခြင်းဖြစ်သည်ဟု ကျွန်တော်ထင်မိပါသည်။ထိုသို့ တိကျသော ကျမ်းအညွှန်းပေးခြင်းဖြင့် စာဖတ်သူကို ပိုမိုနားလည်သဘောပေါက်စေနိုင်ပါသည်။
ထို့ကြောင့်
သာသနာ့စာပေလေ့လာခြင်းနှင့်
ရေးသားခြင်း အတွက်
သိသင့်သည့်အချက်များကို
အလ္လာဟ်အ၇ှင်မြတ်ပေးသောဟိက်မသ်ဖြင့်ရေးသားလိုက်ရပါသည်။
ကောင်စရ် ဘာဒ်ရှာဟ်
No comments:
Post a Comment