بسم الله الرحمن الرحيم
မျက်မှောက်ခေတ်တွင် အာလမ်
သာသနာ့ပညာရှင်
များကို အမျိုးမျိုးဝေဖန်ပြစ်တင်ကြသည်။ အဘယ်ကြောင့် ဆိုသော် အိလ်မ်နှင့် အာလင်မ်၏ အဆင့်အတန်းကို ကျွန်တော် တို့ မသိရှိနားမလည်သောကြောင့် ဖြစ်သည်။ အောက်တွင် ကျွန်တော့် မှတ်စုစာအုပ်ထဲမှ အိလ်မ်နှင့် ပတ်သက်ပြီး မှတ်သားထားသည်ကို မျှဝေလိုက်ပါတယ်။ ကျွန်တော့် တို့အားလုံးကို အိလ်မ်နှင့် အာလင်မ် သာသနာ့ ပညာရှင်များကို တန်ဖိုးထားလေးစားနိုင်တဲ့ စွမ်းအားအလ္လာဟ်အရှင်မြတ် ပေးသနားတော်မူပါစေ...အာမီးန်
1.
အိလ်မ် သာသနာ့ပညာဆည်းပူးခြင်းသည် မွတ်စ်လင်မ်တိုင်းအပေါ် ဖရဇ်မပြုမနေရတာဝန်ဖြစ်သည်။
2.
မုအ်မင်နှင့် ကာဖိရ် နှစ်ဦးစလုံးသည် ပစ္စည်း ဥစ်စာကိုရရှိလေသည်။ သာသနာ့ပညာသည်သီးသန့် မုအ်မင်န်သာလျှင်ရရှိသည်။
3.
နဖိလ်နမားဇ်ထက်သာသနာ့ ပညာဆည်းပူးခြင်းသည် အမြတ်ဆုံးဖြစ်သည်။
4.
-
ဖရဇ်တာဝန်များကျေပွန်စွာထမ်းဆောင်ပြီးလျှင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန်အတွက် ဒုတိယအကောင်းဆုံးမှာသာသနာ့ပညာဆည်းပူးခြင်း ဖြစ်သည်။
5.
-
မွတ်စ်လင်မ်တိုင်းမှတ်သားထားရမည့် အချက်မှာ အစ်စလာမ်သာသနာတွင်ပညတ်ထားသော ဖရဇ်တာဝန်များကို ဆောင်ရွက်ခြင်းသည် အေဗာဒသ်ခ၀ပ်ကိုးကွယ်ခြင်းဖြစ်ပြီး သာသနာ့ ပညာဆည်းပူးလေ့လာခြင်း စသည်တို့သည်လည်း အေဗာဒသ်ခ၀ပ်ကိုးကွယ်ခြင်းဖြစ်သည်။အကျိုးစ၀ါးဗ်လဲများစွာရ၏။
6.
-
အကြင်သူသည် သာသနာ့ ပညာဆည်းပူးရန် မိမိအိမ်မှထွက်လျှင် အိမ်သို့ပြန်လည်မရောက်ရှိသမျှကာလပတ်လုံး အလ္လာဟ် အရှင်မြတ်၏ လမ်းတော်တွင်ရှိနေမည်ဖြစ်သည်။
7.
-
အကြင်သူသည် အစ်စလာမ်သာသနာနှင့် သာသနာ၏ပညာရပ်များကို သင်ယူဆည်းပူးရန်အတွက် လမ်းခရီး တခုခုကို အလ္လာဟ်အရှင်မြတ်သည် ၄င်းအတွက် ဂျန်နသ်သုခဘုံလမ်းကို လွယ်ကူစေတော်မူမည်ဖြစ်၏။
8.
-
သာသနာ့ ပညာဆည်းပူးခြင်းနှင့် သင်ယူဆည်းပူးရာတွင်ကြိုးစားအားထုတ်ခြင်းသည် အရင်ကကျူးလွန်ခဲ့သော ဂုနာဟ်အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရရန်အကြောင်းခံဖြစ်သည်။
9.
အိလ်မ် ပညာမရှိဘဲအမလ် မှန်ကန်ရန်မှာ ခဲယဉ်းရုံသာမက မဖြစ်နိုင်သော ကိစ်စပင်ဖြစ်သည်။ မှန်ကန်သော နည်းစနစ်ဖြင့်ကျင့်ဆောင်သော အမလ်သည်သာ ကဗူလ်ဖြစ်ခြင်းခံရသည်။ ထို့ကြောင့် အမလ်မှန်ကန်ရန်အိလ်မ်သင်ယူရမည်။
10. အာလင်မ်သာသနာ့ပညာရှင်တဦး မှားယွင်းချွတ်ချော်သွားပါက ဝေဖန်ကဲ့ရဲ့ခြင်းမပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော်၎င်းသည်ပညာကြောင့်လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်သောကြောင့် ဖြစ်၏။ (အီမာမ် ဂဇာလီ)
11. အိုပညာရှင် မိမိရဲ့ပညာကို ဒွန်နယာကို မက်မောခင်တွယ်သူတို့ရဲ့ အသိုင်းအ၀ိုင်းမှာထိုင်ပြီး မညစ်ထေးပါစေနဲ့။
12. - အိလ်မ်ဆည်းပူးရာတွင်စိတ်လိုရာကိုလျော့ရမည်။ စိတ်အလိုလိုက်ပါများလျှင် အိလ်မ်ကိုထိန်းသိမ်းနိုင်မည်မဟုတ်။ ရာပေါင်းများစွာ အိလ်မ်ဆည်းပူးသော်လည်း ရသမျှနှင့်တင်းတိမ်ကာ ဒီးန်ခိသ်မဒ်လုပ်သူမှာ ခုဂဏန်းမျှပင်
13. - အိလ်မ်ဆည်းပူးလျှက်ငိုနေပါ။ သင်သည်ပညာကိုသာဆည်းပူသည်မဟုတ်။ အလ္လာဟ်အရှင်မြတ်အရေးယူနိုင်ရန် အထောက်အထားခိုင်လုံအောင် ပြုခြင်းဖြစ်သည်။
14. အိလ်မ်သည်နူရ် ၀ူဇူလည်းနူရ်ဖြစ်ရာ အိလ်မ်၏ နူရ်သည် ၀ူဇူကြောင့်ပိုမိုများပြားလေသည်။
15. အချိန်မဖြုန်းနှင့်။ မပျင်းနှင့်။ ပျင်းနေလျှင်အိလ်မ်မှလက်မဲ့ဖြစ်မည်။ မိမိကို အစအဆုံးမအပ်ပါက အိလ်မ်သည်တခန်းတပါဒကိုမျှပေးမည်မဟုတ်။ မှတ်ဥာဏ်နည်းသော်လည်း ကြိုးစားမှုကြောင့် ထိပ်ဆုံးကိုရောက်လိမ့်မည်။
16. အိလ်မ်အတွက်ခရီးကို ဂျေဟားဒ်လို့ မယူဆလျှင် ၄င်း၏အသိဥာဏ်သည်ချို့ယွင်းနေသောကြောင့်ဖြစ်သည်။
17. ပညာရှာဖွေနေသမျှအာလင်ဖြစ်သည်။ အခြားအရာကိုမက်မောသည့်နေ့မှ စပြီးဂျာဟိလ်ဖြစ်သည်။
18. အိလ်မ်သာသနာ့ပညာ၏ စည်းကမ်းချက်မှာ ခရှီယသ် အလ္လာဟ်အရှင်မြတ်အားအကြောက်တရားထားရှိခြင်း ပေါ်တွင်မူတည်သည်။
19. သာသနာ့ပညာရှင်များသည်နဗီတမန်တော်များ၏ အမွေစားအမွေခံများဖြစ်ကြသည်။ သာသနာ့ပညာရှာဖွေဆည်းပူးခြင်း၏ကြီးမားလှသည့်အကျိုးစ၀ါးဗ်မှာ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မူရရှိစေခြင်းဖြစ်သည်။
20. ၀ိဥာည်၏အာဟာရမှာ သာသနာ့ပညာဖြစ်သည်။ဝိညာဉ်၏သက်တမ်းတည်ရှိမှုသည် သာသနာ့ပညာအပေါ်တွင်သာမူတည်သည်။
21. အကြင်သူသည်သာသနာပညာကိုအခြားသူများအားပြန်လည်သင်ကြားပို့ချ ပေးရန်ရည်ရွယ်ချက်ဖြင့်သင်ယူမည်။ထိုရည်ရွယ်ချက်မှာလည်း
အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှုရရှိရန်အတွက်သာဖြစ်ခဲ့လျှင်
အလ္လာဟ်အရှင်မြတ်သည်ထိုသူအားနဗီတမန်တော်ပေါင်း(၇၀)တို့၏ အကျိုးစ၀ါးဗ်ကိုပေးသနားတော်မူမည်။
22. - သာသနာ့ပညာသင်ယူရင်းသေဆုံးသွားသူသည်ရှဟီးဒ်၏အဆင့်အတန်းကိုရရှိမည်။
23. -စစ်မှန်သော အာလင်မ်သာသနာ့ပညာရှင်၏ အဆင့်အတန်းသည်
တကမ်ဘာလုံးရှိ မွတ်စ်လင်များထက် အဆင့်အတန်း (၇၀၀)မြင့်မား၏။ အဆင့်အတန်းတစ်ခုနှင့်တစ်ခုမှာနှစ်ပေါင်း(၅၀၀)ခရီးမျှကွာဝေးသည်။
24. - အာလင်မ်တွေအားလုံးသည် တမန်တော်မြတ်(စွ) ၏ကိုယ်စားလှယ်များဖြစ်သည်။
25. အာလင်မ်နှင့် အတူရှိနေခြင်းသည် တမန်တော်မြတ်(စွ) နှင့် အတူရှိနေခြင်းဖြစ်သည်။ တမန်တော်မြတ်(စွ) နှင့်အတူရှိခြင်းသည် အလ္လာဟ်အရှင်မြတ် နှင့်
အတူရှိခြင်းဖြစ်သည်။
ကောင်စရ် ဘာဒ်ရှာဟ်
ကောင်စရ် ဘာဒ်ရှာဟ်
No comments:
Post a Comment