အလှအပဖြီးလိမ်းပြင်ဆင်ခြင်းသည်အမျိုးသမီးများကို အလ္လာဟ်အရှင်မြတ် ပေးထားသောအခွင့်အရေးဖြစ်သည်။
အစ္စလာမ်သာသနာသည် အမျိုးသမီးတို့၏ ထိုအခွင့်အရေးကို ပိတ်ပင်တားဆီးထားခြင်းမရှိပေ။ သို့သော်သာသနာကအလှပြင်ခြင်းကို စနစ်တကျ ဘောင်ခတ်ထားစေခြင်းဖြစ်သည်။ ထိုအလှအပကို မိမိ၏ဘ၀ကြင်ဖော်ဖြစ်သူ ခင်ပွန်းတဦးတည်း အတွက်သာဖြစ်စေလိုသည်။ အလှပြင်ဆင်မှုအမျိုးမျိုး အမွှေးအကြိုင်အမျိုးမျိုးကိုမိမိခင်ပွန်း အတွက်သာအသုံးချစေလိုသည်။
ဟဒီးစ်တော်တွင်လာ၇ှိသည်။ အကြင်အမျိုးသမီးသည်အမွှေးအကြိုင်လိမ်းပြီး အပြင်သို့ထွက်ခဲ့လျှင် ထိုအမွှေးအကြိုင်ကို သူစိမ်းအမျိုးသားများရနံ့ ခံစေသောနေရာမှဖြတ်သန်းသွားလားလျှင် ထိုအမျိုးသမီးသည်ဇာနီယာအမျိုးသမီးကဲ့သို့ ဂုနာဟ်ဂါရ်ဖြစ်သည်။
(မတ်စ်နဒ်အဟ်မဒ် ၊တွဲ၎ ၊စာ၄၁၄)
အစ္စလာမ်သာသနာတော်က မည်သို့သောမွတ်စ်လင်မ်အမျိုးသမီးကိုမှ အမွှေးအကြိုင်သုံးပြီး လမ်းများပေါ်အထူးသဖြင့် အမျိုးသားများရှိသောပွဲမျိုးတွင်ကောင်းစွာဝတ်စားပြီးသွားလာခြင်းကိုလုံးဝခွင့်မပြုပေ။
ထို့ကဲ့သို့တန်ဖိုးကြီးလှသော ဆုံးမစကားများကို အလေးမထားသည့်အတွက်မရေမတွက်နိုင်သောပြသနာများ ၊ခိုက်ရန်ဖြစ်ပွားမှုများ ၊ဇနီးမောင်နှံအကြားကွဲကွာရမှုများ၊ လမ်းခွဲရမှုများဖြစ်ပေါ်စေပါသည်။ ထို့ကြောင့်အမျိုးသမီများသည် ခေတ်စားနေသောဖက်ရှင်နှင့် တရားတော်အရဆန့်ကျင်သော အလှအပပြင်ဆင်ခြင်းမျိုးမှရှောင်ရှားသင့်ပေသည်။မိမိဝင်ငွေထိခိုက်အောင် အဖြစ်စေသင့်ပေ။ မိမိဖခင်နှင့် ခင်ပွန်းသည်၏ချွေးနည်းစာကို အကြင်နာမဲ့စွာဖြုန်းပစ်ခြင်းမျိုးမဖြစ်သင့်ပေ။ အသစ်ပေါ်သော အ၀တ်အစားနှင့် Latest fashion design များကို အထင်ကြီးမက်မောမနေသင့်ပေ။ ကျွန်တော်တို့၏တခြားသော မွတ်စ်လင်ညီအမများမှာ ထမင်းနှပ်မှန်အောင်စားနိုင်ရန်ပင်ရုန်းကန်နေကြရပေသည်။ဥရောပအနောက်တိုင်းသားများက တီထွင်လိုက်သော ဖက်ရှင်နောက်တကောက်ကောက်လိုက်ကာ မိသားစု အတွက်အချိန်မပေးနိုင် မိဘနဲ့ ခင်ပွန်းသည်ရဲ့ခေသ်မဒ်ပင်မလုပ်နိုင်ကာ မိမိတို့ ၏တန်ဖိုး၇ှိလှသော အချိန်တွေကို ဖြုန်းတီးပစ်နေကြသည်။များစွာအလှအပပြင်ဆင်သော အကျင့်ရှိလာလျှင် ကု၇်အာန်သေလာဝသ်လုပ်ရန် ၊အစ်သဂ်ဖာဖတ်ရန်၊ သာသနာ့ပညာသင်ယူရန်ပင် အချိန်မရတတ်ပေ။ ထိုသို့ခေတ်ရှေ့ပြေးဖက်ရှင်များနောက်လိုက်ကာ အပေါ်ရံပကာသန အတုယောင်အလှအပများကို လိုက်စားမနေသင့်ပေ။ မွတ်စ်လင်အမျိုးသမီးများအနေနှင့် အစ္စလာမ်သာသနာတော်က သွန်သင် ဆုံးမမှုနှင့် အညီဖြစ်သော အလှအပပြင်ဆင်မှုမျိုးကိုသာကျင့်သုံးသင့်သည်။မိမိတို့၏အလှပြင်ဆင်မှုသည် အလ္လာဟ်အ၇ှင်မြတ်နှင့် တမန်တော်မြတ်(စွ) ၏အမိန့်တော်တို့နှင့် ကိုက်ညီသောဘောင်အတွင်းမှသာဖြစ်သင့်သည်။သို့အတွက်ကြောင့် မွတ်စ်လင်အမျိုးသမီးတို့အနေဖြင့်မည်သို့သော အလှပြင်မှုမျိုးသည် ရှရီအသ်တရားတော်၏နှင့် ကိုက်ညီသည်ဆိုသည်ကို သိထားရန်အလွန်အရေးကြီးပေသည်။သို့မှသာရှ၇ီအသ်ဘောင်အတွင်းမှ မိမိတို့၏ အလှပြင်မှုကိုပြုလုပ်နိုင်မည်ဖြစ်သည်။
(၁) တရားတော်ကယတိပြတ်တားမြစ်ထားသော အလှပြင်မှုမျိုးကိုခင်ပွန်းသည်ကဖြစ်စေအခြားတဦးတယောက်ကဖြစ်စေ ပြုလုပ်ခိုင်းပါကလုံဝမလုပ်ရပေ။ ဟဒီးစ်တော်တွင်လာ၇ှိသည်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုဖီဆန်ပြီး မည်သူတဦးတယောက်၏အမိန့်ကိုမှ နာခံခြင်းမပိုင်ပါ။
(၂)အကြင်အလှပြင်ခြင်းသည်တ၇ားတော်၏ဘောင်အတွင်းမှဖြစ်ပြီးပြုပိုင်ခွင့်၇ှိလျှင် ခင်ပွန်သည်၏အခြေအနေပေါ်မူတည်ပြီးပြည့်ပြည့်၀၀အမိန့်နာခံခြင်းသည် အမျိုးသမီး၏တာဝန်ဖြစ်သည်။ဟဒီးစ်တော်တွင်လာရှိသည်မှာ ငါတမန်တော်မြတ်သည် တဦးတယောက်က အခြားသူတယောက်အား စဂ်ျဒဟ်ပြုခွင့်ရှိလျှင် အမျိုးသမီတို့အားမိမိတို့၏ခင်ပွန်းသည်အားစဂ်ျဒါဟ်ဦဒချရန်အမိန့်ပေးတော်မူမည်။(ဂျမ်အွလ်ဖ၀ါအစ်ဒ်)
ခင်ပွန်းသည်ကလိုလားပါလျှက် ဇနီးသည်သည် အလှအပပြုလုပ်မပြင်ဆင်ပါက ခင်ပွန်းသည်အနေဖြင့်ဇနီးသည်အားဆူပူကြိမ်းမောင်းခွင့်၇ှိသည်။ ဟကီမွလ်အွမ်မဒ် ဟဇရသ်မောင်လာနာအရှရဖ်အလီထာန၀ီ (ရဟ်) ရေးသားထားသည်မှာ ယောက်ကျားတယောက်၏ဟက်တခုမှာ ဇနီးသည်သည် မိမိ၏ရု၇်ရည်ကိုမပြင်ဆင်ဘဲ ခင်ပွန်းသည်ရှေ့တွင် မနေရချေ။ ပြင်ဆင်ပြီးနေရမည်။ခင်ပွန်းသည်ကခိုင်ေးနပါလျှက် အလှအပပြင်ဆင်မှုမရှိလျှင်ရိုက်ခွင့်၇ှိသည်။ (ဗဟရှ်သီးဇေ၀ရ်ကျမ်း ၃၃၈)
အဘယ်မျှနှစ်သက်ဖွယ်ကောင်းသော အမိန့်တော် ဖြစ်ပါသနည်း။ သို့အတွက်ကြောင့် အိမ်ထောင်ရေးဖောက်ပြန၊်မသာယာမှုများ အဘယ်မှာဖြစ်မည်နည်း။အစ္စလာမ်သာသနာတော်က အမျိုးသမီးများ၏အခွင့်အရေးကိုအပြည့်အ၀ပေးထားခြင်းဖြစ်သည်။
အလှအပပြင်ဆင်ရာတွင် အချို့အချက်များကို ရှရီအသ်အရရှောင်ကြည်ကြရပေမည်။
မော်ကြွားလိုသောရည်ရွယ်ချက်ဖြင့် ၊ တစိမ်းအမျိုးသား အမျိုးသမီးများ အားပြစားလိုသောရည်ရွယ်ချက်ဖြင့် ပြင်ဆင်ခြင်းကို အထူးရှောင်ကြဉ် ရမည်။ မိမိခင်ပွန်းသည် နှင့်သာ သက်ဆိုင်သော မိမိတို့၏ တန်ဖိုး၇ှိသော အလှကို ဖော်ထုတ်ကာတစိမ်းယောက်ကျားများရှေ့ ပရ်ဒါဟ်မဲ့သွားလားခြင်းများကိုရှောင်ရှားရန်အရေးကြီးပေသည်။များစွားအလှပြင်နေခြင်းကို တရာတော်က မနှစ်သက်ပါ၊ လိုအပ်သည်ခန့်ပြင်နိုင်ပါသည်။ သို့သော် အလှပြင်ခြင်းကို အလုပ်ကြီးတခုသဖွယ်ပြုလုပ်ခြင်း၊ အလှပြင်ပစ္စည်းများ အသစ်အဆန်းများ ၀ယ်ယူရန်အချိန်ပြည့်စဉ်းစားနေခြင်း များကိုတရားတော်ကခွင့်မပြုထားပေ။
အကြင်အမျိုးသမီးသည် တရားတော်ဘောင်အတွင်းမှနေပြီး အလှအပပြင်ဆင်လျှင်..ရည်၇ွယ်ချက်မှာလဲခင်ပွန်းသည်ကို နှစ်သက်ပျော်ရွှင်စေရန်ဖြစ်လျှင်တခြားသော သူစိမ်းအမျိုးသားအမျိုးသမီတို့အား ပြစားခြင်း မရှိလျှင်၊ ဂုဏ်ယူကြွားဝါရန်မဟုတ်လျှင် အင်န်ရှာအလ္လာဟ်ဟုသအာလာ ထိုအမျိုးသမီးအပေါ် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်တော် မူပြီး အကျိုးစ၀ါးဗ်များစွားရရှိပေလိမ့်မည်။
အစ္စလာမ်အမျိုးသမီများအာလုံး ရှရီအသ်ဘောင်အတွင်းကနေ အလှပြင်နိုင်ကြပါစေ......အာမီးန်
ကောင်စရ် ဘာဒ်ရှာဟ်
1 comment:
Aameen !
Post a Comment