Sunday, June 1, 2014

သွအီးဖ်ဟဒီးစ် ဆိုင်တိုင်း ငြင်းရမှာလား

ယနေ့ခေတ် အစ်စလာမ်အတွင်း ဖြစ်ပျက်နေသော်ပြသနာကြီးတွင်
သွအီးဖ်ဟဒီးစ် ဆိုလျှင်လက်မခံ ငြင်းဆန်နေသောပြသနာကြီးပင်ဖြစ်သည်။ အစ်စလာမ်သမိုင်းတလျှောက်တွင် ထိုပြသနာမျိုးမှာမရှိသလောက်ပင်ဖြစ်သည်။ သို့သော်အချို့နေရာများတွင်ပြသနာနှိုးဆွမှုများရှိသည်။စလဖီ ၀ါဒီတို့သည်ထိုပြသနာကို အမြင့်ဆုံးအထိတောက်လောင်အောင်ပြုလုပ်လိုက်ကြသည်။
သွအီးဖ်ဟဒီးစ် များကိုလုံးဝငြင်းဆန်ခြင်းမှာ ဟဒီးစ်ငြင်းပယ်ရန် လမ်းဖွင့်လိုက်ခြင်းပင်ဖြစ်သည်။ မွန်ကရီနီး ဟဒီးစ် (ဟဒီးစ်ငြင်းပယ်သူများ) ကို အားပေးအားမြောက်ပြုခြင်းဖြစ်သည်။
ထိုလမ်းစဉ်မှာ အဲ့ဟ်လေစွန်နသ်ဝလ်ဂျမာအသ်၏ လမ်းစဉ်မဟုတ်ပါ။ အွမ်မဒ်အပေါ် ဟဒီးစ်ပညာရှင်တို့၏ကျေးဇူးမှာ အလွန်ကြီးမားလှသည်။ သူတို့သည် တမန်တော်မြတ်(စွ) စကားတိုင်း လုပ်ဆောင်ချက်တိုင်း နှင့်စွန်နသ်တိုင်းကို ဦးစွာ မိမိတို့၏ရင်တွင်းဝယ် အလွတ်ကျက်မှတ်ထိန်းသိမ်းခဲ့ကြသည်။
တဖန်ကျမ်းစာအုပ်များပြုစုကာကျေးဇူးပြုခဲ့ ကြသည်။ထိုအဆင့်သို့ရောက်အောင် ၄င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက်ခဆင်းရဲမှုမျိုးကို ယနေ့ခေတ်တွင် ပမာပြရန်ပင်ရှိမည်မဟုတ်ပါ။
စွန်နသ်တော်နှင့် ဟဒီးစ်တော်များသည် အစ်စလာမ်၏ ဒုတိယ အရေးကြီှးဆုံးသော်အချက်ဖြစ်သည်။ ထိုအချက်ကိုထိန်းသိမ်းထားသူများမှာ ဟဒီးစ်ပညာရှင်များဖြစ်သည်။
သွအီးဖ်ဟဒီးစ်ဆိုလျှင်လက်မခံနဲ့ သွအီးဖ်ဟဒီးစ်အပေါ်ကျင့်သုံးခြင်းမပိုင်ဘူးဟု ဆိုသည်မှာ ယနေ့ခေတ်စလဖီတို့၏အသံပင်ဖြစ်သည်။
ဟဒီးစ်ပညာရှင်များသည် ဟဒီးစ်များ၏အဆင့်အတန်းကို သတ်မှတ်ခဲ့ကြသည်။
ဥပမာအားဖြင့် ဗုခါရီ နှင့် မွတ်စ်လင်မ် ကျမ်းတွင်ပါရှိသောဟဒီးစ်များသည်အမှန်ကန်ဆုံးဖြစ်သည်။ (နှောင်းပိုင်းခေတ်ဟဒီးစ်ပညာရှင်များ ကသတ်မှတ်ခြင်းဖြစ်သည်။)
ခေတ်ဦးပိုင်းတွင် ဟဒီးစ်၏အဆင့်အတန်းမှာနှစ်ခုသာရှိသည်။
ဆွဟီးဟ် ဟဒီးစ်နှင့် ဂိုင်းရ် ဆွဟီးဟ် ဟဒီးစ် တို့ဖြစ်သည်။
ဆင့်ပြန်သောရာဝီမှာ မှတ်သားဥာဏ် သက်က၀ါ အလာဟ်ကြောက်စိတ်ရှိမှု စသည့်အရည်အချင်းများရှိလျှင် ထိုသူဆင့်ပြန်သော ဟဒီးစ်သည် ဆွဟီးဟ် အဆင့်ရှိပြီး ထိုအရည်အချင်းလျော့နည်းနေသူဆင့်ပြန်လျှင် သွအီးဖ်ဟဒီးစ်
ဂိုင်းရ်ဆွဟီးဟ် ဟုခေါ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းအရင်ကေ၇းသားခဲ့သောဟဒီးစ်ကျမ်းများမှာ ပိုပြီးမြင့်ပါသည်။
ထိုကျမ်းများတွင်ပါရှိသည့် စနဒ်ဆင့်ပြန်သူအဆက်မှာအလွန်နည်းသည်။(နှစ်ဦးသုံးဦးနှင့် တမန်တော်မြတ်(စွ) အထိရောက်သွားသည်)
ဒုတိယအချက်မှာထိုကျမ်းများတွင်ပါရှိသည့်ဆင့်ပြန်သူတို့၏
အဆင့်အတန်းမှာလည်း နောက်ပိုင်း ဟဒီးစ်ကျမ်းများတွင် ပါရှိသောဆင့်ပြန်သူများထက် အဆင့်အတန်းပိုမြင့်ကြသည်။
ဥပမာ- အိမာမ်မာလိက်၏ မုအသ်ွသွာကျမ်း၏အဆင့်အတန်းသည် ဗုခါရီကျမ်းထက်ပိုပြီးမြင့်ပါသည်။ မုအသ်ွသွာကျမ်း တွင်ပါရှိသော စနဒ်များမှာ သုးံလေးဆင့်ထက်မပိုပါ။
အီမာမ်မာလိက် ဟဒိးစ်ရယူထားသော ဆရာများ၏အဆင့်အတန်းသည်လည်း အီမာမ် ဗုခါရီ၏ ဆရာများ ၊ထိုဆရာ၏ဆရာများထက်ပင် ပိုပြီး အဆင့်အတန်းမြင့်ကြသည်။
အချို့ဟဒိးစ်များသည် ဖိကဟ်ပညာရှင်များ၏ စနဒ်ဖြင့်ဆင့်ပြန်သောဟဒိးစ်များ ဖြစ်ကြပြီး အချို့ဟဒိးစ်များသည်
ဟဒီးစ်ပါရဂူများ၏စနဒ်ဖြင့် ဆင့်ပြန်သော ဟဒီးစ်များဖြစ်ကြသည်။ဖော်ပြသော အမျိုးအစားအနက် တမျိုးကိုသာ ဟဒီးစ်ဟုခေါ်ပြီး ကျန်အမျိုးအစားကို ဟဒီးစ်ဟု မခေါ်ဘဲ ကျင့်သုံးခြင်း မပိုင်ဟုသဘောပေါက်မမှားသင့်ပေ။
ဟဒီးစ်ပညာရှင်များထံတွင် ဟဒီးစ်၏အဆင့်အတန်းသတ်မှတ် သည့်စည်းကမ်းချက်ခြင်းမတူညီ ကြပါ။
ဥပမာ- အီမာမ်ဗုခါရီထံတွင် ဟဒီးစ်၏စနဒ်အတွင်းတွင် ဆင့်ပြန်သူနှင့် ၄င်း၏ဆရာ (ဟဒီးစ်ပို့ချသူ) တို့တွေ့ဆုံမှုခိုင်မာလျှင်
ထိုစနဒ်ပါသော ဟဒီးစ်မှာ အီမာမ် ဗုခါရီထံတွင် ဆွဟီးဟ်ဖြစ်သည်။
အီမာမ်မွတ်စ်လင်မ်ထံတွင်မူ ထိုသို့မဟုတ်။ ဟဒီးစ်ပို့ချသည့် ဆရာနှင့် ရယူသည့်တပည့်တို့ တွေ့ဆုံကြကြောင်း အခိုင်အမာဖြစ်ရန် အရေးမကြီး။ တွေ့ဆုံနိုင်ကြောင်းဖြစ်နိုင်ခြေရှိလျှင်လုံလောက်ပေသည်။
ယခုမှတ်ထားရမည်မှာ အီမာမ်မွတ်စ်လင်မ်ထံ 
တွင် ဆွဟီးဟ်အဆင့်ရှိသော ဟဒီးစ်ရှိသော ဟဒီးစ်သည် အီမာမ်ဗုခါရီထံ
တွင်ဆွဟီးဟ်ဖြစ်ရန်မလိုအပ်ပါ။
တွေ့ဆုံမှုမခိုင်မှာသဖြင့် အီမာမ်  ဗုခါရီထံတွင် သွအီးဖ်ဖြစ်နေသော ဟဒီးစ်သည် အီမာမ် မွတ်စ်လင်မ် ထံတွင်ဆွဟီးဟ်ဖြစ်နေသည်။
ထို့ကြောင့် ဟဒီးစ် ကဟဒီးစ်ဖြစ်သည်။
စည်းကမ်းသတ်မှတ်သည့်စံချိန်စံညွှန်းဖြင့်သာ အချို့ပညာရှင်ထံတွင် ဆွဟီးဟ်ဖြစ်နေပြီး အချို့ပညာရှင်ထံတွင်သွအီးဖ်ဖြစ်နေသည်။
သွအီးဖ် ဟဒီးစ်ကိုလုံးဝ ငြင်းပယ်ရမည်ဟု လက်ခံထားသောသူသည်  သာသနာတွင်အလွန်ဆိုးရွားသော ဗိဒ်အသ်ကို လမ်းစဖွင့်သူဖြစ်သည်။
ရှေးဟဒီးစ်ပညာရှင် ပညာရှင်ကြီးများနှင့် ဖိကဟ်ပညာရှင်ကြီးများသည် သွအီးဖ်ဟဒီးစ်ကိုလက်ခံခဲ့ကြသည်။
ကျွန်တော်၏ အထက်ပါစကားသည် စလဖီများ၏ကြွေးကြော်နေသော ဆူညံသံကြားတွင်ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိပါသည်။
ထိုကြောင့်ခိုင်မာကြောင်းသက်သေပြရန် အီမာမ်သိရ်မီဇီ၏ ဟဒီးစ်ကျမ်းဖြစ်သည့် သိရ်မီဇီ ကျမ်းကို အထောက်အထားအဖြစ်တင်ပြပါမည်။ သို့မှသာ စလဖီဝါဒမှိုင်းမှလွတ်ကင်းပြီး အမှန်တရားကိုကွက်ကွက် ကွင်းကွင်းမြင်နိုင်မည်ဖြစ်သည်။
အဒီဘင်န်ဟာသင်မ် ဆင့်ပြန်ထားသော ဟဒီးစ်တော်….
အလိုသဘောမှာ-
ကျွန်ုပ်သည် တမန်တော်မြတ်(စွ)၏ထံပါးတွင် စွန်ဖြင့်အမဲလိုက်ထားသောသားကောင် ဟလာလ် စားပိုင် /မပိုင်နှင့်ပက်သက်ပြီးလျှောက်ထားရာ
တမန်တော်မြတ်က အကြင်သားကောင်ကို သင့်အတွက်ချန်ထားလျှင် (သားကောင်ကို စွန်ကမစားဘဲဖမ်းပေးလျှင် ) သင်စားသုံးနိုင်သည်ဟုဖြေကြားတော်မူသည်။
အီမာမ် သိရ်မီဇီက အဆိုပါဟဒီးစ်တော်အား မုဂျာလိဒ် ဗင်န်အဗ်ဒုရ်ရဟ်မားနအန်ရှအ်ဗီ် ဟူသော စနဒ်တခုတည်းဖြင့်သာ ကျွန်ုပ်သိသည်ဟု အမိန့်ရှိသည်။ သဘောမှာ ရှအ်ဗီထံမှ မုဂျလိဒ် တစ်ဦးတည်းသာရှိသည်။ ရှအ်ဗီမှလွဲပြီး မည်သူ့ထံကမျှထိုဟဒီးစ်ဆင့်ပြန်ထားခြင်းမရှိပါ။ ဟဒိးစ်ပညာရှင်များ၏ စည်းကမ်းအရ အထက်ပါဟဒိးစ်သည် သွီးဖ်ဖြစ်သည်။ သို့သော် အိမာမ် သိရ်မီဇီက ပညာရှင်များသည်ထို ဟဒီးစ်အားကျင့်သုံးခဲ့ကြသည်ဟု အမိန့်ရှိသည်။ (သိ၇်မီဇီကျမ်း အတွဲ၂-စာ ၃၄၂)
ဆွဟာဗာများ၊ သာဗီအီးန်များ ၊ သဗအ်သာဗီအီန် များနှင့် ဖိကဟ်ပညာရှင် အီမာမ်ကြီးများအားလုံး ထိုဟဒီးစ်အပေါ်ကျင့် သုံးခဲ့ကြသည်။ ယခုအချိန်ရောက်မှ သွအီးဖ်ဟဒီးစ် အပေါ်ကျင့်သုံးခြင်းမပိုင်ဟုပြောနေခြင်းမှာ မည်သို့မှန်ကန်ပါမည်နည်း။ အကြောင်းအရာ ရှည်သွားမည်ကို စိုးရိမ်ပြီး ဒီမျှလောက်ဥပမာဖြင့်ပင် အကျဉ်းချုံးလိုက်၇ပါသည်။
ဟဒီးစ် ပညာရှင်များထံတွင်သွအီးဖ်ဟုသတ်မှတ်ထားသော်လည်း ပညာရှင်များလက် ခံ      ကျင့်သုံးသည့်ဟဒီးစ်မျိုးထောင်သောင်းမကရှိ
နေသည်။ပညာ ရှင်  များဟုဆိုရာတွင် သင်တို့ကျွန်တော်တို့သတ်မှတ်ထားသော ပညာရှင်များကို ဆိုလိုခြင်းမဟုတ်။ ဆွဟာဗာများ၊ သာဗီအီးန်များ၊ ဖိကဟ်အီမာမ်ကြီးများနှင့် ဟဒီးစ်အီမာမ် ကြီးများကိုဆိုလိုခြင်းဖြစ်သည်။
ယနေ့ခေတ်ဂိုဏ်းသစ်များဖြစ်သည့် စလဖီနှင့် ဂိုင်ရ်မုကလ်လိဒ်များက
သွအီးဖ်ဟဒီးစ်ကို အထောက်အထားပြုလုပ်ခြင်းဟရာမ်ဟု မသိနားမလည်သည့်လူထုအတွင်း သူတို့ ပင်ပညာရှိသယောင်ဝါဒဖြန့်နေကြသည်။ အမှန်မှာ ပညာမဲ့ခြင်းကြောင့်ဖြစ်ပေါ်လာရသောပြသနာဖြစ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းကိုသာကြည့်ပြီး သွအီးဖ်ဟု သိမ်းကြုံးပြောလို့မ၇ပါ။ ထို့ကြောင့် သွအီးဖ်မှန်သမျှအာလုံးလက်မခံငြင်းပယ်ခြင်းမှာ အလွန်ဆိုးရွားသောလုပ်ရပ်ဖြစ်သည်။
ဟဒီးစ် စနဒ်ဆင့်ပြန်ပုံကို ………
မော်လာနာရှမ်စွတ်ဒိုဟာ (မဇွာဟေရီ) ရှိုင်ခွလ်ဟဒီးစ်နှင့်ကျောင်းအုပ်ဆရာကြီး (၊ဆူဖီယဟ် အစ်စလာမ် တက်ကသိုလ်) ၏ ဗယာနုလ်ဟဒိးစ်မှ ကိုးကားဖော်ပြပါသည်။

ဦးထုပ်ဆောင်းထားဖို့ အရေးကြီးသလား





Muhammad Asad ကရာချီ ၏မေးမြန်းချက်

အစ်စလာမ်သာသနာ့ပညာရှင်ကြီးများက ဦးထုပ်ဆောင်းခြင်းမစ်အလဟ်နှင့် ပတ်သက်ပြီးမည်သို့အမိန့်ရှိထားပါသနည်း။
ယနေ့မျက်မှောက်ခေတ်တွင် ဦးထုပ်မဆောင်းဘဲနေသည့်အလေ့အထများပြာပျံ့ နှံ့နေပါသည်။
ထိုအပြုအမူသည် အခြားသူများထက်ခေတ်ပညာတတ်အလွှာတွင် ပိုမိုများပြာနေသည်သာမက အချို့မှာ ဦးထုပ်ဆောင်ခြင်းကိုရှက်စရာ အထင်သေးစရာဟုပင်မှတ်ယူနေကြသည်။
ယခုလက်ရှိအခြေအနေတွင် ဦးထုပ်ဆောင်းရန်ဝေးစွနမားဇ်ဝတ်ပြုရာတွင်ပင် ဦးထုပ်မဆောင်းကြပါ။

ဦးထုပ်ဆောင်းဖို့ ဟဒီးစ်တော်မှာ ပါသလား ?" ဒါက မော်လ၀ီတွေလုပ်တာပါ..သူတို့က အတင်းအကျပ်လုပ်တာ ဦးထုပ်မဆောင်လို့လဲ ဘာအပြစ်မှမရှိဘူး.. ဦးထုပ်မဆောင်းဘဲနမာဇ်ဝတ်ပြုရင်လဲ ဘာဂိုနာဟ်မှမထိုက်ဘူး
ကျမ်းမြတ်ကုရ်အာန်ကျရောက်တဲ့ အရဗ်နိုင်ငံမှာလဲ လူတော်တော် များများ ဦးထုပ်မဆောင်းဘဲ နမာဇ်ဝတ်ပြုကြတာဘဲ
အပြစ်ဂိုနာဟ် တခုခုရှိမယ်ဆိုသူတို့ ဒီလိုလုပ်မှာမဟုတ်ဘူး " ဟုပင်ပြောဆိုလာကြပါသည်။
ထိုအခြေနေကို ထောက်ရှု ပြီး ပညာရှင်ကြီးများထံသို့ လျှောက်ထားလိုသည်မှာ ရှရီအသ်တရားတော်မြတ်၏ အထောက်အထားများ အစ်စလာမ်သာသနာတော်တွင် ဦးထုပ်ဆောင်းခြင်း၏ အဆင့်အတန်းကို ရှင်းလင်းပြတ်သားစွာ
မိန့်ကြားပေးပါ၇န် မေတ်တာ၇ပ်ခံအပ်ပါသည်။
ကျေးဇူးတင်လျှက်....


မုဖ်သီ ယအ်ကူးဗ် ဓမ်မသတ်ဌာန (ဒါရုလ်အုလူးမ် ကရာချီ) ၏ဖြေကြားချက်

ခေါင်းပေါင်းပေါင်းပြီး (သို့) ဦးထုပ်ဆောင်းပြီး နမာဖ်ဝတ်ပြုခြင်းနှင့် အခြားသောအခြေအနေများတွင် ခေါင်းပေါင်းပေါင်းထားခြင်း (သို့) ဦးထုပ်ဆောင်းထားခြင်းသည် တမန်တော်မြတ်(စွ) နှင့် ဆွဟာဗာ (ရသွေ့)တို့၏ကျင့်စဉ်ဖြစ်သည်။ ယနေ့ထိသာသနာကိုလေးစားကိုင်းရှိုင်းသော မွတ်စ်လင်မ်တို့ကျင့်သုံးနေကြသည်။
ထို့ကြောင့် ဦးထုပ်ဆောင်းခြင်း ခေါင်းပေါင်းပေါင်းခြင်းသည် အစ်စလာမ်သာသနာတော်၏ ၀တ်စားဆင်ယင်မှု အမှတ်အသားပင်ဖြစ်သည်။ အစ်စလာမ့်ယဉ်ကျေးမှုဖြစ်သည်။ ဦးထုပ်မဆောင်းခြင်း ဦးခေါင်းဗလာနေခြင်းသည် အနောက်တိုင်းသားတို့၏ယဉ်ကျေးမှုဖြစ်သည်။ အစ်စလာမ့်ယဉ်ကျေးမှုနှင့်လုံးလုံးလျားလျား ဆန့်ကျင်သည်။
ထို့ကြောင့်  "ဦးထုပ်ဆောင်းဖို့ ဟဒီးစ်တော်မှာ ပါသလား ?" ဒါက မော်လ၀ီတွေလုပ်တာပါ..သူတို့က အတင်းအကျပ်လုပ်တာ" ဟုပြောဆိုခြင်းမှာ မှားယွင်းပြီးအသိဥာဏ်နည်းခြင်းနှင့်နားမည်မှုကြောင့်သာဖြစ်သည်။အနောက်တိုင်း ယဉ်ကျေးမှုကို စွန့်ပြီး အစ်စလာမ့်ယဉ်ကျေးမှုကိုလက်ကိုင်ကျငိ့သုံးရန်လိုအပ်သည်။

ဦးထုပ်မဆောင်းဘဲနမာဇ်ဝတ်ပြုခြင်း၏အမိန့်မှာ

တဦးတယောက်သည်၇ံဖန်ရံခါ ဦးထုပ်မဆောင်းဘဲနမာဇ်ဝတ်ပြုလိုက်ပါက မည်သို့မျှမဟုတ်။ သို့သော် ဦးခေါင်းဗလာ (ဦးထုပ်မဆောင်းဘဲ) နမာဇ်ဝတ်ပြုသည့် အကျင့်လုပ်ခြင်းမှာ မက်ကရူ သန်ဇီဟီဖြစ်သည်။ အလာဟ်အရှင်မြတ်ထံခိုလှုံပါ၏။ ဦးထုပ်ဆောင်းခြင်းအားအထင်အမြင်သေးသောကြောင့်ဖြစ်စေ မရိုမသေပြုသောသဘောဖြင့်ဖြစ်စေ ဦးထုပ်မဆောင်းဘဲ ၀တ်ပြုခြင်းဖြစ်စေ ထိုလုပ်ရပ်သည် ကွဖ်ရ် အစ်စလာမ်ကို ငြင်းပယ်ခြင်းမည်သည်။ ယနေ့ အချို့ သူတို့သည် ဦးထုပ်မဆောင်းဘဲနေကြသည်. ထိုလုပ်၇ပ်သည် ဒွိဟသံသယမ၇ှိ မက်ကရူ သန်ဇီဟီဖြစ်သည်။ အရဗ်လူမျိုးအချို့ ဦးထုပ်မဆောင်းဘဲ နာမာဇ်ဝတ်ပြုခြင်းမှာ အစ်စလာမ့် ၇ှ၇ီအသ်၏

အထောက်အထားမဟုတ်ပါ။ အရဗ်အချို့၏လုပ်ရပ်ကို အထောက်အထားလုပ်ပြီး ဦးထုပ်မဆောင်ဘဲနမားဇ်ဝတ်ပြုသည့်အကျင့်ပြုလုပ်ခြင်းမပိုင်။သာသနာကိုင်းရှိုင်းသော အရဗ်အာလင်မ်ပညာရှင်ကြီးများသည်   ဦးထုပ်ဆောင်းပြီး)သို့) အမာမဟ်ခေါင်းပေါင်းပြီး နမာဇ်ဝတ်ပြုကြသည်။
အမာမဟ်ခေါင်းပေါင်းပေါင်းခြင်း၊ ဦးထုပ်ဆောင်းခြင်း နှင့်ပတ်သက်သော ဟဒီးစ်တော်များအားအောက်တွင်တင်ပြထားသည်။

ဦးထုပ်ဆောင်းခြင်းနှင့် ပတ်သက်ပြီးလာရှိသော ဟဒီးစ်တော်များ

၁။ တမန်တော်မြတ်(စွ) ဦးထုပ်ဖြူဆောင်းလေ့၇ှိကြောင်း။ (အလ်ဝဆီလဟ် / ၁၀၆)
၂။ တမန်တော်မြတ်(စွ)သည် နားရွက်ဖုံးဦးထုပ်ဆောင်းလေ့၇ှိပြီး ခရီးတွင်မူ အနည်းငယ်မြင့်သောရှာမီဦးထုပ်
    (ဆီးရီးယားဦးထုပ်)  ဆောင်းလေ့ရှိတော်မူကြောင်း (အိသ်ဟာဖုဆ်ဆာဒဟ် / ၂၂၅)
၃။ ဦးထုပ်ဝိုင်းဆောင်းထားခြင်းအကြောင်း။ (သိရ်မီဇီကျမ်း၊ / ၃၀၈)
၎။ ဆွဟာဗာအား ကိုယ်တော်ဖြတ်(စွ) ဦးထုပ်ဆောင်းပေးသည့်အကြောင်း။(ဖသ်ဟုလ်ဘာရီ ၊တွဲ၁၀ ၊စာ၂၇၂
    သွဗ်ရာနီ)
၅။ ခေါင်းပေါင်းနှင့်သီးထုပ်ဆောင်းပြီး ၀တ်ပြုကြသည် (ဗုခါရီကျမ်း အစောင်၁ စာ၅၆)
၆။ အနတ်စ် ဘင်န်မာလိက်(ရသွေ့) ကဦးထုပ်ဖြူဆောင်းလျှက် အိမ်သာမှထွက်လာသည့်အကြောင်း။
   (မုဆွန်နိဖ် အဗ်ဒုရ်ရဇ်ဇားက် / ၁၉၀ )
၇။ ဦးထုပ်နှင့်ခေါင်းပေါင်းဆောင်းပြီး ၀တ်ပြုကြသည့်အကြောင်း