Thursday, May 29, 2014

(အမျိုးသားများခြေမျက်စိအောက်အထိ ဝတ်ဆင်ခြင်း)

ယနေ့မျက်မှောက်ခေတ်မွတ်စ်လင်မ်များတွင် အနောက်တိုင်း ယဉ်ကျေးမှု များလွှမ်းမိုးနေကြပေသည်။ အစ္စလာမ့်ရှရီအသ်၏ နှစ်သက်ဖွယ်ကောင်းသော အလေ့အထများ၊ ယဉ်ကျေးမှုများပျောက်ဆုံးနေကြသည်
ယခုကျွန်တော် ရေးသားလိုသည့်အကြောင်းမှာ အမျိုးသားများ ခြေမျက်စိအောက်ထိ ဘောင်းဘီလုံချည် ၀တ်ဆင်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့လုပ်ရပ်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရော မိသားစုဝင်များထဲရှိ အမျိုးသားများ သည်ပင်လျှင် သတိမမူဘဲ ၀တ်ဆင်နေကြသည်။ အမျိုးသားများခြေမျက်စိအောက်ထိ အ၀တ်အစားဝတ်ဆင်ခြင်း(အစ္စဘာလ်) ကို လူအများစူတို့က အလေးမထားပေါ့လျော့နေကြသော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီးလေးသော အပြစ်တခုဖြစ်ပေသည်။ တမန်တော်မြတ်(စွ)သည် ဘောင်းဘီရှည်ဝတ်ဆင်ခဲ့ခြင်းမရှိပေ။ လုံကွင်းဝတ်ဆင်သောအခါတွင်လည်းခြေမျက်စိဖော်ကာဝတ်ဆင်လေ့ရှိသည်။ကျွန်တော် အောက်တွင် ဟဒီးစ်အချို့ကို တင်ပြပါမည်။
တမန်တော်မြတ်(စွ) မိန့်ကြားတော်မူခဲ့ပေသည်။
အကြင်သူသည်ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့်ခြေမျက်စိအောက်ထိ အ၀တ်အစားတရွတ်စွဲဝတ်ဆင်လေသော်ကေယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည်ထိုသူအား ကရုဏာတော် အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ပေ။ (ဗုခါရီကျမ်း ၃၄၆၅)
အ၀တ်အထည်ကို ခြေမျက်စိအောက်ရောက်အောင် ၀တ်ဆင်သောသူ၏ခြေအားဂျဟန္နမ်ငရဲမီးအတွင်းကျစေတော်မူ၏။(အဟ်မဒ်ကျမ်း ၆/၂၅၄)
ခြေမျက်စိအောက်အ၀တ်အစားဝတ်ဆင်ခြင်းတွင် ခါးဝတ်(လုံချည်၊ ပုဆိုး ၊ဘောင်းဘီ)နှင့် ကိုယ်အပေါ်ပိုင်းဝတ်အီင်္ကျီ စသည်တို့လည်းပါဝင်ပေသည်။အကြင်မည်သူမဆို ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့်ခြေမျက်စိအောက်ထိ အ၀တ်အစားတရွတ်စွဲဝတ်ဆင်လေသော်ကေယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည်ထိုသူအား ကရုဏာတော် အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ပေ။( အဗူဒါဝူးဒ်ကျမ်း ၄/၃၅၃)
များစွာသောသူတို့သည် မလိုက်နာချင်သောကြောင့် စောတကအမျိုးမျိုးတက်ကြသည်။ (မိမိတို့ခြေမျက်စိအောက်ထိဝတ်ဆင်ခြင်းမှာ ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့် ၀တ်ခြင်းမဟုတ်ပါ ) ဟုကာကွယ်တတ်ကြသည်။ တရားတော်၏ အမိန့်မှာ ကြွားဝါလိုစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အားလုံးအကျုံးဝင်ပေသည်။ အချို့လမ်းလွဲနေသူများသည် ထိုအမိန့်မှာ နမားဇ် ဖတ်ရန်အတွက်သာအကျုံးဝင်ပေသည်ဟု ပြောကြပြန်သည်။ထိုသို့ပြောဆိုခြင်းများမှာ ရှရီအသ်ကို လက်တလုံးခြားလှည့်လိုသောသူများ၏ဆင်ခြေသက်သက်မျှသာဖြစ်သည်။ တမန်တော်မြတ်(စွ) ထိုကဲ့သို့ပြင်းပြင်းထန်ထန်မိန့်ကြားထားသည်ကို ပေါ့ပေါ့တန်တန် သဘောထားနေသော ကျွန်တော်တို့ရဲ့ လုပ်ရပ်မှာ အဘယ်မျှလောက်မှားရွင်းနေပါသနည်း။ တကယ်လိုက်နာကျင့်သုံးလိုသူအဖို့ ဟဒီးစ်တော် တပုဒ်ဖြင့်ပင်လုံလောက်ပေသည်။
အမျိုးသားများ ခြေမျက်စိအောက်ဘောင်းဘီလုံချည်ဝတ်ဆင်ခြင်းမှာ ယခုခေတ်တွင်ဖက်ရှင်သဘောမျိုးဖြစ်နေပေသည်။
အမျိုးသားများ ဘောင်းဘီအရှည် ခြေမျက်စိဖုံးအောင် ၀တ်ဆင်ကာ အမျိုးသမီးများမှာ ခြေမျက်စိဖော်ပြီး အရှက်ကင်းမဲ့စွာဝတ်ဆင်နေကြသည်။ အဘယ်မျှဝမ်းနည်းဖွယ်ကောင်းလေစွ။ ပြောင်းပြန်အနေအထားသို့ရောက်ရှိနေသည်ကို လူတိုင်းမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပေသည်။
ကျွန်တော် ဖတ်ဖူးသောအကြောင်းအရာတခုရေးသားချင်ပါသည်။
Scientist များ၏လေ့လာတွေ့ရှိချက်မှာ ခြေမျက်စိအောက်ကိုဖုံးကာ ၀တ်ဆင်သောအမျိုးသားများသည် ခြေမျက်စိဖော်ကာဝတ်ဆင်သော အမျိုးသားများထက် အမျိုးသားအင်အားဟော်မုန်းကျဆင်းနေသည်ဟုလေ့လာတွေ့ရှိကြသည်။ ခြေမျက်စိဖော်ကာဝတ်ဆင်ခြင်းဖြင့် ဟော်မုန်းကို အားဖြစ်စေသည်။ ဟု စမ်းသပ်တွေ့ရှိကြသည်။ (အလ္လာဟ်ဟုအက္က်ဗ၇)် ရှရီအသ်ရဲ့ လမ်းစဉ်နှင့် တမန်တော်မြတ်(စွ) ၏ စွန္နသ်တော်မှာ ဟိက်မသ်များနှင့် ပြည့်နှက်နေပေသည်။ယခုမှ Science က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။Scientist တွေ Doctor တွေထောက်ခံမှ လက်ခံအထင်ကြီးနေတတ်သောကျွန်တော်တို့ ရဲ့ အီမာန်ကို သာဆန်းစစ်ရမည်ဖြစ်သည်။ယနေ့ကျွန်တော်တို့၏အခြေအနေအရပ်ရပ်အပေါ် အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်(စွ) ၏အမျက်ဒေါသအဘယ်မျှကြီးမားနိုင်သည်ကို စဉ်းစားသင့်လှပေသည်။
သို့သော်ကျွန်တော်တို့က အနောက်တိုင်းသားတို့ယဉ်ကျေးမှုကို သရုပ်မှန်ဟုယူဆပြီး အမျိုးသားများ ခြေမျက်စိအောက်ထိဝတ်ဆင်ခြင်းကို ဂိုနာဟ်ဟုမမှတ်ယူဘဲ ဂုဏ်ယူဖွယ်ရာအဖြစ်သတ်မှတ်ကာဝတ်ဆင်နေကြပေသည်။
အိုအလ္လာဟ်...မွတ်စ်လင်မ်အမျိုးသားများအားလုံးအား အရှင်မြတ်၏အချစ်တော် တမန်တော်မြတ်(စွ)၏ စွန္နသ်တော်ကို ဖ၀ါးခြေထပ်လိုက်နာနိုင်သော သောင်ဖီးက်စွမ်းအားချီးမြှင့်ပေးသနားတော်မူပါစေ...အာမီးန်
ကောင်စရ် ဘာဒ်ရှာဟ်

(သတိမပြုမိသော စဂ်ျဒါသေလာဝသ်)

သတိမပြု မိသောစဂ်ျဒါသေလာဝသ်
ကျနော် ဒီအမလ် လေးရေးမလို့ လုပ်ရင်းက ကျောင်းသားဘဝကို သိတိရမိတယ် ။ ကျောင်းမှာ
ကျနော်တို့ ဆရာ သခင်ကြီး ကာရီ အာမက် ဆွာဟီဗ်နဲ့ ကေရာအသ် သင်ရတဲ့ နေ့ တွေ ဆီ
အတွေးရောက်သွားတယ် ။
ဆရာ့ အလိုက်ကို မှီအောင် ဖတ်နိုင်ဖို့ တော်တော်မလွယ်တဲ့ ကိစ္စ ။ ကျနော် တို့
ကို့ အလိုက်နဲ့ ကိုတောင် တိုင်ပတ်နေတယ် ။ မဖတ်နိုင်ရင်လည်း ဆရာဆူမှာကြောက်တော့
ကျောင်းသူတော်တော် များများဒီအမလ် ကို လုပ်ပြီးမှ ကျောင်းကို သွားကြတယ် ။
စာရချင်တာကိုး။ တကယ် ပျော်ဖို့ ကောင်းတာ ကျောင်းသားဘဝက ။
ယာအလ္လာဟ် ကျနော်မျိုးကို အိလ်မ်သင်ပေး ခဲ့တဲ့ ဆရာ ဆရာမ
များအားလုံးကိုကောင်းသော အစားချီးမြှင့်တော် မူပါ။ အာမီးန် ။
ကျနော် အောက်မှာရေးသားမယ့်  အကြောင်း အရာက ကုရ်အာန် ကျမ်း မြတ်တွင်
ရှိသောစဂ်ျဒါဟ် ၁၄ အာယသ် ဖြစ်သည်။ အကြင်မည်သူမဆို ကုရ်အာန် စဂ်ျဒါဟ်အာယသ် ၁၄
ခုအား ရွတ်ဖတ်၍ စဂ်ျဒါဟ် ပြုပြီး တောင်းမည်ဆိုပါက အင်န်ရှာ အလ္လာဟ်
အရှင်မြတ်လက်ခံတော်မူမည်ဟု ကတိပြုထားလေသည်။
စဂ်ျဒါဟ် အာယသ်များ
၁ ။ စူရာ အအ်ရာဖ်
      အာယသ်နံပါတ်  ၂၀၆ ( 9 ပါရာ)
၂ ။ စူရာ ရအ်ဒိ
        အာယသ်နံပါတ် ၁၅ ( 13 ပါရာ)
၃။ စူရာ နဟရ်
      အာယသ်နံပါတ်  ၅၀ ( 14 ပါရာ )
၎ ။ စူရာ ဗနီ အစ္စရာ အီးလ်
        အာယသ်နံပါတ်  ၁၀၉ ( 15 ပါရာ)
၅ ။ စူရာ မရ်ယမ်
       အာယသ်နံပါတ်  ၅၈ ( 16 ပါရာ)
၆။ စူရာ ဟဂ်ျ
      အာယသ်နံပါတ် ၁၈ (17 ပါရာ )
၇ ။ စူရာ ဖုရ်ကာန်
      အာယသ်နံပါတ် ၆၀ (19 ပါရာ)
၈ ။ စူရာ နမ်လ်
       အာယသ်နံပါတ်  ၂၆ (19 ပါရာ )
၉။ စူရာ အလိဖ်လားမ် မီးမ် စဂ်ျဒါဟ်
      အာယသ်နံပါတ် ၁၅ (21 ပါရာ)
၁၀ ။ စူရာ စွားဒ်
          အာယသ်နံပါတ်  ၂၄ (23 ပါရာ)
၁၁။ စူရာ ဟာမီးမ်စဂ်ျဒါဟ်
         အာယသ်နံပါတ် ၅၈ (24 ပါရာ)
၁၂ ။ စူရာ နဂျမ်
          အာယသ်နံပါတ် ၆၂ (27 ပါရာ)
၁၃။ စူရာ အင်န်ရှိကားက်
          အာယသ်နံပါတ် ၂၁ (30ပါရာ )
၁၄။ စူရာ အလက်
         အာယသ်နံပါတ် ၁၉ (30 ပါရာ)
ယခုဆက်လက် ပြီးစဂ်ျဒါဟ် သေလာဝသ် ပြု နည်းကို တင်ပြပါမည်။
စဂ်ျဒါဟ် အာယသ်ကိုရွတ်ဖတ်ပြီးလျှင် တည့်မတ်စွာရပ်၍ အလ္လာဟ်ဟုအက်ဗရ်ဆိုကာ
စဂ်ျဒါဟ် ပြုရမည်။ စဂ်ျဒါဟ်ပြုပြီး သဇ်ဗီးဟ် သုံးကြိမ်ဆိုတကာ ပြန်လည်
မတ်တပ်ရပ်ရမည်။
ထိုင်ရာမှစဂ်ျဒါဟ် ပြုပြီး  ပြန်ထိုင်လိုက်လျှင် လည်း စဂ်ျဒါတာဝန် ကျေသွားပေသည်။
သို့ သော် ပထမနည်း အမွန်မြတ်ဆုံးဖြစ်သည် ဟု ဆရာ သခင်ကြီးများ အမိန့်ရှိခဲ့ကြသည်။
မေးခွန်းတခု
ကျနော်ရေးသားခဲ့ ပြီးသော အမလ်အားပြုပြီးနောက် စဂ်ျဒါဟ် သေလာဝသ် ပြု လျှင်
၁၄ ခါလုံး မတ်တပ်ပြန်ရပ်ရပါမည်လား ဟုသော မေးခွန်း အား ကျနော့် ဆရာ သခင်
မုဖ်သီ အဗ်ဒူလ် ခါလစ်က် ဆွာဟစ်ဗ် အားမေးမြန်းခဲ့ ဖူးပါသည်။
ဆရာကြီး၏ ဖြေကြားချက်
၁၄ခါလုံး မတ်တပ်ပြန်ရပ်ပြီး စဂ်ျဒါဟ် သေလာဝသ်ပြု ခြင်းလည်း ပိုင်ပေသည်။
အာလင်မ်သာသနာ့ပညာရှင်ကြီး များသည် ထိုကဲ့သို့ စဂ်ျဒါဟ် ၁၄ခါ ပြု ကြမည့်
အခါတွင် သုံး ခေါက် လျှင်တကြိမ်ပြန်၍မတ်တပ်ရပ် ကာ ပြုလေ့ရှိကြောင်း
ဖြေကြားခဲ့ပေသည်။
ဗစ်ဒ် အသ် မလုပ်ပါနှင့်
မွတ်စ်လင်မ် အများစု အထူးသဖြင့် အမျိုး သမီးများတွင် ဖြစ်လေ့ရှိကြသည်။
စုပေါင်း ကုရ်အာန် ခသမ် ဖတ်ကြသည်။ ထို့နောက် ခသမ်ပြီးသွားသော အခါ
အားလုံးဖတ်ထားသော စဂ်ျဒါဟ် အာယသ် အတွက် တဦး တည်းက ကိုယ်စား စဂ်ျဒါ
၁၄ခါပြုလိုက်ကြသည်။
ဤသည် မှားယွင်းသေားလုပ်ရပ်ဖြစ်ပေသည်။ ကျနော့် အဘယ် စာအုပ်မှာ မျှ
ထိုကဲ့သို့ အထောက်အထား မတွေ့သလို။ဆရာသခင်ကြီးများ၏ ဆိုဆုံးမမှုတွင်လည်း
မကြားခဲ့ရပေ။ မိမိဖတ်လိုက်သော စဂ်ျဒါဟ် အာယသ် အတွက် မိမိကိုယ် တိုင်
စဂ်ျဒါဟ် ပြုရန် တာဝန်ရှိပေသည်။ ကိုယ် စားပြုပေးခြင်း ဖြင့်တာဝန်
မကျေပွန်ပါ။
ကျက်မှတ်ရာတွင်
ကုရ်အာန် ကျမ်းမြတ်ကျက်မှတ်ရာတွင် တအာယသ်ကို အကြိမ်းပေါင်း
မြောက်များစွာဖတ်ရွတ်ရပေသည်။ စဂ်ျဒါဟ် အာယသ်အားကျက်မှတ်သောကြောင့်
အကြိမ်များစွာရွတ်ဖတ်သည့် အပေါ် စဂ်ျဒါဟ် များစွာပြုလုပ်ရမည်လား?
ဤသည်နှင့် ပတ်သက်၍ ကျနော့် ၏ဆရာမ ဖြစ်သူ ဟာဖီဇွာဟ် ဟဘီဘား နစိးမ်
(ဟဘီဘသွလ် ဘနားသ် သဟ်ဖီဇုလ် ကုရ်အာန် -ဆွာဒီကီယာကျောင်းခွဲ) ၏ သင်ပြမှုကို
ရေးသားပါမည်။
ကျက်မှတ်သူသည် တနေရာတည်းတွင် ထိုင်ကာစဂ်ျဒါဟ် အာယသ်တော်တခုအား
အကြိမ်ကြိမ် ဖတ်သော် လည်း စဂ်ျဒါဟ်တကြိမ်တည်းသာပြုရန် တာဝန်ရှိသည်။ အကယ်၍
နေရာ ပြောင်းသွားပါမူ သို့မဟုတ် တခြား တစ်နေရာ သို့ ပြောင်းပြီး မှ
အကြိမ်ကြိမ် ရွတ်ဖတ်သည် ဖြစ်မှု နောက် ထပ် စဂ်ျဒါဟ် တကြိမ်
ထပ်မံပြုရပေမည်။ ယခင် နေရာတွင် ရှိစဉ်က ပြုခဲ့သော စဂ်ျဒါဟ်တွင် အကျုံး
မဝင်တော့ချေ။
သတိပြုစေချင်ပါသည်
စဂ်ျဒါဟ် အာယသ်ကို ရွတ်ဖတ်သူတွင် စဂ်ျဒါဟ် ပြုရန်တာဝန်ရှိသကဲ့သို့
နားထောင်သူတွင်လည်း စဂ်ျဒါဟ် ပြုရန် တာဝန်ရှိပေသည်။ ကျနော်တို့ သည်
ထိုကိစ္စကို ပေါ့ပေါ့ ဆဆနေကြသည်။ ကေရာအသ် များနားထောင်ကြသည်။ ဝအားဇ်များ
နားထောင်ကြသည်။ သို့သော် စဂ်ျဒါဟ် အာယသ်များ နားထောင် မိပါက စဂ်ျဒါဟ်
ပြုလုပ်ခြင်းကို လစ်လျူရှိကြပေသည်။ အချို့ ဆိုလျှင် မိမိ နားထောင်
လိုက်သည့် အာယသ် တော်မှာစဂ်ျဒါဟ် အာယသ်ဖြစ်သည်ကို ပင် မသိရှိကြပေ။
ထို့ ကြောင့် သတိ ထားရပေမည်။ဖြစ်နိုင်လျှင် ၁၄ အာယသ်ကို
ကျက်မှတ်ထားသင့်ပေသည်။ သို့မှသာ မိမိ နားထောင်လိုက်သော အာယသ်ကိုစဂ်ျဒါဟ်
အာယသ် ဟုတ် မဟုတ် ခွဲခြား သိနိုင်မည် ဖြစ်သည်။
အလ္လာဟ် အရှင်မြတ် ကျနော် တို့အားလုံးအား အမလ်လုပ်နိုင်တဲ့
သောင်ဖိးက်စွမ်းအားချီးမြင့်တော် မူပါစေ။
အာမီးန် ။
ကောင်စရ် ဘာဒ်ရှာဟ်